Posts

Showing posts from July, 2018

လွယ်လွယ်လေးနဲ့ လှနိုင်သည့် ၀မ်းဗိုက်ချပ်စေမည့် အူရှင်းနည်း

Image
၁) မနက်အိပ်ယာထချိန် သောက်ရေထဲကို သံပုရာသီး ၂ စိပ် ညှစ်ထည့်ပြီး သောက်ပါ။ ပြီးမှ မနက်စာကို စားပါ။ (၂) နေ့လည်စာမစားခင် ပူစီနံ၂ရွက်ကို ၀ါးစားပြီး ရေ၂ခွက် သောက်ထားပါ။ တစ်နာရီလောက်ကြာမှ ထမင်းစားပါ။ ကြိုက်တဲ့ဟင်းစားပါ။ ဒါပေမယ့် တရုတ်နံနံပင် ၄၊ ၅ ပင်ခန့်ကိုတော့ ပါအောင် စားပေးပါ။ စားသမျှတွေထဲက အဆီအဆိမ့်မျာကို ခြေဖျက်ပေးလိမ့်မယ်။ (၃) ညနေစာကို အထူးသတိထားရပါမယ်။ အဆီအဆိမ့်မပါတဲ့ အသားပြုတ်၊ ငါးပြုတ်၊ အသီးအရွက်သုပ်နဲ့ ဟင်းသီးဟင်းရွက်များကိုသာ စားပေးပါ။ (၄) ညစာစားပြီးတာနဲ့ မတ်ခွက်ထဲကို သခွါးသီး ၄ကွင်း၊ သံပုယိုသီး ၂ကွင်း၊ ဂျင်းလက်တစ်ဆစ်၊ ဇီယာ သို့ ပူစီနံ ၂ရွက်တို့ကို ထည့်ပြီး ရေနွေးပူပူလောင်းထည့်ကာ အဖုံးအုပ်ထားပါ။ (၅) သောက်ခါနီး ခပ်နွေးနွေးအနေအထားရောက်မှ ပျားရည်စစ်စစ် ၂ဇွန်းလောက်ထည့်ပြီး အားလုံးကိုရောမွေကာ ၄င်းသစ်သီးစိမ်ရည်ကို သောက်ပါ။ သတိပြုရန် ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ၊ အစာအိမ်ရောဂါသမားများ၊ သွေးပေါင်ကျနေသူများ မသောက်သင့်ပါ။ ဒီနည်းကို တစ်ပတ် ၃ရက်ခန့် လုပ်ပါ။ လမ်းများများလျှောက်ပါ။ ရေများများ သောက်ပါ။ အညောင်းမမိစေပဲ ခန္ဓာကိုယ်ကို လှုပ်ရှားအောင် နေပါ။ တစ်လအတွင်းမှာ အူရှင်းပြီး ၀မ်းဗိုက်...

ဓာတ်ပုံတစ်ပုံက ပြောသောသမိုင်း 

Image
ဒီဓာတ်ပုံဟာ လောက်ကိုင်တိုက်ပွဲဒေသက ပွိုင့် ၂၂၀၂ တောင်ကုန်းကို အသက်ပေါင်းများစွာ ရင်းပြီး မြန်မာနိုင်ငံအလံကို စိုက်ထူခဲ့တဲ့ တိုက်ပွဲမှတ်တမ်း ဗီဒီယိုထဲက ယူထားတဲ့ ဓာတ်ပုံပါ။ ဒီဓာတ်ပုံထဲက မြန်မာနိုင်ငံအလံ စိုက်ထူထားတဲ့ ကုန်းကမူလေးက အဲဒီတောင်ကြောနေရာက အခိုင်ခန့်ဆုံး ဘန်ကာ ဖြစ်ပါတယ်။ အဲဒီဘန်ကာထဲမှာတော့ မူးယစ်ဆေးကျွေး သံကြိုးချည် ထည့်ပြီး ပစ်ခိုင်းထားတဲ့ ရန်သူတွေရဲ့ အလောင်းတွေ ရှိပါတယ်။ သစ်တောသစ်ပင်တွေကို အရွက်တစ်ရွက်မကျန်အောင် လက်နက်ကြီးတွေနဲ့ ပစ်ထားလို့ ပြောင်ရှင်းနေတဲ့ တောင်ပေါ်က အရွက်မရှိတော့တဲ့ သစ်ပင်တွေလဲ တွေ့ရပါမယ်။ သစ်ပင်တွေရဲ့ဘေးက ရပ်နေ၊ ခေါင်းတွေထွက် နေတာကတော့ မူးယစ်ဆေးမျိုးစုံသုံးပြီး နာမှန်း မသိ သွေးထွက်မှန်းမသိတော့တဲ့ Zombie သရဲ တစ်ပိုင်း ဖြစ်နေတဲ့ သူပုန်တွေပါ။ သူတို့တွေရဲ့ နောက်မှာတော့ သူတို့နောက်ကို ဆုတ်လာရင် ပစ်သတ်ဖို့ စောင့်နေတဲ့ ဖုန်ကြားရှင် တပ်ဖွဲ့တွေ ရှိနေပါတယ်။ ဘန်ကာရဲ့ရှေ့မှာတော့ ရန်သူနဲ့လက်တစ်ကမ်း အထိတက်ပြီး ယှဉ်ပစ်နေတဲ့ အကြောက်အလန့်မရှိသော တပ်မတော်သားများကို ဝိုးတစ်ဝါး တွေ့ရပါလိမ့်မယ်။ ဒီတောင်ကြောတစ်လျှောက်က ရာနဲ့ချီတဲ့ဘန်ကာတွေ၊ကတုတ်ကျင်းတွေကို တိကျမှန်ကန်တဲ့ လက်နက်ကြီ...

ပြိတ္တာမိသားစုရဲ့ ၀ဋ်ကျွေး

Image
အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ် ဂိဇ္ဈကုဋ်တောင်ဘက် ကြွနေစဉ် လမ်းမှာပြိတ္တာလေးယောက်ကို တွေ့လိုက်တော့ တအံ့တသြနဲ့ မေးလိုက်မိတယ်။        “ပြိတ္တာမ၊ မြင်ရတာ စိတ်မချမ်းသာလိုက်တာ။ တစ်ယောက်က ရဲရဲတောက်နေတဲ့ သလေးစပါး ဖျင်းတွေကို ခေါင်းပေါ် မှာ ဖြန့်ကြဲပြီး ပူလောင်တဲ့ဒဏ်ကို မပြတ်ခံစားနေရတယ်။ တစ်ယောက်ကတော့ တင်းပုတ်နဲ့ ကိုယ့်ခေါင်း ကို ပြန်ရိုက်ခွဲနေတယ်။ တစ်ယောက်ကတော့ ကိုယ့်အသားအသွေးကို ပြန်ဖဲ့စားနေတယ်။ နင်ကတော့ ညစ်ပတ်တဲ့ မစင်တွေကို စားနေတယ်။ ဘယ်လို အကုသိုလ်ကြောင့် ခုလို ခံစားရတာလဲ ပြောပါဦး”        မှန်ပါဘုရား။ ဒါ တပည့်တော်တို့ အရင်က မိသားစုတွေပါ။ ရဲရဲတောက်လောင်နေတဲ့ သလေးစပါးဖျင်းတွေ ကြဲနေတဲ့ သူက သားပါဘုရား။ လူ့ဘ၀တုန်းက အမေကို ညဉ်းဆဲခဲ့လို့ပါ။ တင်းပုတ်နဲ့ပြန်ထုနေတဲ့ ကောင်က လင်ပါ။ ကောက်ကျစ်စင်းလဲတဲ့ ကုန်သည်ပေါ့ဘုရား။ ကိုယ့်အသားကို ဖဲ့စားနေတာက ချွေးမပါဘုရား။ သူမကတော့ အိမ်မှာ အသားချက်တော့ မသိအောင် အသားတွေ ခိုးစားခဲ့တယ်။ မေးတော့ မစားဘူးလို့လိမ်တယ်။ အဲဒါကြောင့် ခုလိုဖြစ်နေတာပါ။ တပည့်တော်မကတော့ အဲတုန်းက တစ်အိမ်လုံးကို ဦးစီးတဲ့ အိမ်ရှင်မပါ။ အရမ်းကပ်စေးနဲခဲ့တယ်။ ဥစ္စာရှိသ...

ကိုရီးယားသချာင်္ အိုလံပစ်​ပြိုင်​ပွဲတွင်​ နိုင်​ငံတာအဆင့်​၎ ချိတ်​ခဲ့တဲ့ မုံရွာမှသမီးငယ်​​လေး

Image
မုံရွာမှ က​လေးငယ်​မ​လေး လူမသိ သူမသိ ကိုရီးယားမှာ သင်္ချာအိုလံပစ်​သွား​ဖြေခဲ့တယ်​ ​နိုင်​ငံတကာ​ကျောင်းသားသူ​ပေါင်း 2400 ​ကျော်​လာ​ဖြေခဲ့တယ်​ အဆင့်​ 4 ချိတ်​ခဲ့ပါတယ်​ သူ့ကိုခင်​ဗျားတို့​​လက်​ခုပ်​သြဘာမပေးနိုင်​ကြဘူးလား မကြိုဆိုချင်​ကြဘူးလားဗျာ  ဂုဏ်​ယူပါတယ်​ ညီမ​လေး​ရေ

စင်္ကာပူတွင် အိမ်ရှင်မြန်မာအမျိုးသမီးက မြန်မာအိမ်ဖော်ကို သံတုတ်နှင့်ရိုက်၊ နှိပ်စက်မှု ထောင်ဒဏ် (၂)နှစ် (၁)လ ပြစ်ဒဏ်ချမှတ်

Image

ဥပဒေ ပညာရှင် တစ်ဦး မှ အကယ်ဒမီ ဇင်မာဦး သို့  ပေးစာ

Image

မပေါ့ဆသင့်သော နှလုံးအားနည်းခြင်း၏ အရေးကြီးသည့် လက္ခဏာ ၈ ချက်

Image
နှလုံးအားနည်းခြင်းကြောင့် လူ့ရဲ့ ခန္တာကိုယ်တခုလုံးကို ထိခိုက်နိုင်ပါတယ်။ နှလုံးအားနည်းတဲ့ လက္ခဏာတွေကို လပိုင်းကနေ နှစ်နဲ့ချီပြီးတော့ စောစောကတည်းက ကြိုတင်ပြီး သိနိုင်ပါတယ်။ အောက်ပါလက္ခဏာတွေ တခုခု ရှိနေပြီဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြပြီး လိုအပ်ရင် အထူးကုနဲ့ ပြသင့်ပါတယ်။ . (၁).မောဟိုက်ခြင်း ကိုယ်လက်လှုပ်ရှားလုပ်တဲ့အခါ ဒါမှမဟုတ် စိတ်လှုပ်ရှားတဲ့အခါမှာ မောဟိုက်နေသလား။ အဲဒီလို မောဟိုက်နေတာဟာ နှလုံးအားနည်းနေလို့ ဖြစ်နိုင်ပါတယ်။ ညဘက်မှာ မောဟိုက်ပြီး အိပ်ယာကနိုးတာ၊ လှဲပြီးအိပ်ရင်မောတာ တွေဟာ နှလုံးအားနည်းရင် ဖြစ်လေ့ရှိတဲ့ လက္ခဏာတွေပါပဲ။ . (၂).ချောင်းဆိုးခြင်း အဆက်မပြတ် ချောင်းဆက်တိုက်ဆိုးခြင်းဟာ နှလုံးအားနည်းခြင်းကြောင့် အဆုပ်ထဲမှာ ရေဝင်နေတာ ဖြစ်နိုင်ပါတယ်။ နှလုံးအားနည်းလို့ နှလုံးထဲကို ဝင်လာတဲ့ သွေးတွေကို ကောင်းကောင်းညှစ်မထုတ်နိုင်ရင် အဆုပ်ထဲမှာ ရေလွှမ်းလာပြီး ချောင်းဆိုးတတ်ပါတယ်။ (၃).သွားဖုံးတွေ ရောင်နေသလား သွားဖုံးတွေရောင်ပြီး သွေးထွက်တာဟာ သွားကောင်းကောင်းမတိုက်လို့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ရည်ရှည်သွားဖုံးကျန်းမာရေးမကောင်းတဲ့သူတွေမှာ နှလုံးရောဂါဖြစ်တ...

မျက်မှန်လွတ်စေတဲ့မျက်ကြည်စားဆေး

Image
#ရဲမျိုးသူ(ဗောဓိမြိုင်) အသက်(၃၀)ကျော်မှပဲ မျက်စိမကြည်။ မှုန်ဝါးဝါးမို့ ဆရာဝန်ပြကြည့်တော့ အနီးကြည့် ပါဝါ (+၁၅၀)ဒီဂရီ မျက်မှန်တပ်ခဲ့ရသည်။ အခုအသက်(၄၀)ကျော်မှ မျက်မှန်လွတ်လေတော့ ထူးဆန်းနေသလို အများကထင်ကြတော့သည်။ ဆေးနည်းအချိုးအစားအတိုင်း လွယ်ကူစွာဖေါ်စပ်ရန်ဖြစ်လေသည်။ ဆေးနည်း (၁) ဆီးဖြူးသီးကို ထုထောင်းပြီးအစေ့ ဖယ်နေလှန်းအမှုန့်ပြုလုပ်ရန်။ (၂) ကြိတ်မှန်ရွက်ကိုခူးအရိပ်မှာအလိုအလျောက် သဘာဝအတိုင်းအခြောက်ခံအမှုန့်ပြုရန်။ (၃) ကွမ်းရွက်ကို အခြောက်လှန်းအမှုန့်ပြုရန်။ (၄) ပျားရည်စစ်စစ် ထို(၄)မျိုးသာလိုပါသည်။ ယခုခေတ်ကာလ မျက်မှန်ကောင်းတစ်လက်လုပ်ပါမူ ကာလတန်ဖိုးလေးသောင်းငါးသောင်း မက ကုန်သည်သာ။ နေရာတကာ မျက်မှန်မပါတော့ စိတ်ပျက်ဖွယ် အကန်းကြီးလိုဖြစ်ပြန်သည်။မျက်မှန်မေ့ကျန်ပါလျှင် ဘာမှမမြင်ရချင်တော့၊ စာဖတ်ဖို့၊ ဖုံးပွတ်ဖို့ အကုန်ခက်ချေသည်။မျက်မှန်ပါဝါကအကျမရှိ အတက်သာ ။ထိုမျှမက ပါဝါမကိုက်ပါလျှင် ဇက် ကြောကတက်စိတ်ကပျက်ဖြစ်ရပြန်သည်။ သုံးဆောင်ရန် ညအိပ်ပြီဆိုပါလျှင် ဆီးဖြူသီးမှုန့်လက်ဖက် စားဇွန်း(၁)ဇွန်း ကြိတ်မှန်ရွက်မှုန့် လက်ဖက်စားဇွန်း(၁)ဇွန်း ကွမ်းရွက်ခြောက်မှုန့်လက်ဖက်စားဇွန်း(၁)ဇွန်း ထိုဆေးသုံးပါးအား ပျားရည်လက်ဖ...

“အဲဒီအမျိုးသမီးက ကျနော်အိမ်မှာလည်း အိမ်အကူ လာလုပ်ဖူးတယ်” လို့ ဆိုလိုက်တဲ့ နေဆန်း”

Image
လတ်တလော လူမှုကွန်ရက် စာမျက်နှာပေါ်မှာ သရုပ်ဆောင် သီဟတင်စိုးရဲ့ အိမ်အကူအပေါ် အဓမ္မကျင့်မှုကို တိုင်ကြားခံရတာနဲ့ပတ်သက်ပြီး တရားလိုဖြစ်သူ အိမ်အကူ မခင်မာမြင့်က သရုပ်ဆောင် နေဆန်းရဲ့ အိမ်မှာလည်း အိမ်အကူ လုပ်ခဲ့ဖူးတယ်လို့ နေဆန်းက ဧရာဝတီကို ဆိုပါတယ်။ “ကျနော်တို့ အိမ်မှာ အိမ်အကူ လာလုပ်ဖူးပါတယ်။ လွန်ခဲ့တဲ့ ၁ နှစ်လောက်က လုပ်ခဲ့ဖူးတယ်။ ကျနော့် အမျိုးသမီးက မှတ်မိတာ။ ကျနော်တို့ မြဝတီသွားပြီး ပြန်လာခါနီး။ ကျနော်တို့က ဈေးရှေ့မှာ နေတာလေ။ အကြော်ဆိုင် ဘယ်မှာ ရှာဝယ်ဝယ် ဝယ်လို့ ရတာကို မဝယ်တတ်ဘူးတဲ့။ ကျနော်ယောက္ခမက ရအောင် ဝယ်ခဲ့။ မရရင် ပြန်လာနဲ့ဆိုပြီး ပြောလိုက်တာ လစ်သွားရော။ ပွဲစားခ မနည်း ပြန်တောင်း ရတယ်။ ရက်တွက်ခတော့ ပေးလိုက်ရတယ်။ ပွဲစားကလည်း ဒေါ်ညိုနဲ့ပဲ ခေါ်တာပါပဲ”လို့ သရုပ်ဆောင် နေဆန်းက ဧရာဝတီကို ပြောပါတယ်။ အိမ်အကူ မခင်မာမြင့်က သရုပ်ဆောင် သီဟတင်စိုး နေအိမ်မှာ အိမ်အကူအဖြစ် လုပ်ကိုင်နေရင်း သီဟတင်စိုးက သူကို အဓမ္မကျင့်ကြံတယ်လို့ သုဝဏ္ဏနယ်မြေရဲစခန်းမှာ ဇူလိုင် ၁၅ ရက်နေ့က အမှုဖွင့်ထားတာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ချိန်မှာ သရုပ်ဆောင် နေဆန်းက သူရဲ့ Facebook ပေါ်မှာ အခုလို ရေးသားခဲ့ပါတယ်။ “အဲဒီ ခင...

လမ်းမပေါ်မှာ ကားကို ပေါ်တင်ဓားနဲ့ထွက်ခုတ်တဲ့ ရုပ်သံ

Image
မန္တလေးတိုင်း ပလိပ်မြို့ လမ်းဆုံတွင် ဇူလိုင်လ ၁၅ ရက်နေ့ည ၉ နာရီအချိန်ခန့်က လမ်းမကြီးအတိုင်း မောင်းနှင်လာသော မော်တော်ကားကို ခါးတောင်းမြှောင်အောင်ကျိုက်ထားပြီး အပေါ်ပိုင်း အဝတ်အစားမပါသူ အမျိုးသားတစ်ဦးက ငှက်ကြီးတောင်ဟု ယူဆရသော ဓားရှည်ဖြင့် လမ်းမအလယ်တက်ကာ ခုတ်ပိုင်းခဲ့တာကြောင့် ယာဉ်မောင်းသူ ထိတ်လန့်ခဲ့ရတဲ့ ရုပ်သံ ထွက်ပေါ်လာပါတယ်။ အကောင့်ပိုင်ရှင် Naing Lin Htun က ကားမှာတပ်ဆင်ထားတဲ့ ကင်မရာမှတစ်ဆင့် မှတ်တမ်းရရှိခဲ့တဲ့ သူ့ရဲ့ ကိုယ်တွေ့ဖြစ်စဉ် ဗီဒီယိုကို မျှဝေခဲ့တာဖြစ်ပါတယ်။ ဓားခုတ်ခံရမှုကြောင့် နောက်ကြည့်မှန်နဲ့ ရေကာ ပြတ်ထွက်သွားကြောင်း ရေးသားခဲ့ပါတယ်။ ခရီးသွားများ ဘေးရန်ကင်းရှင်းကြပါစေ..။ Credit: popolay

ရေကြက်သည် ကျောက်တည်ရောဂါ ရှိ သောသူအတွက် ဆိုသော ရာဇဝင်

Image
ပြည်နယ်တစ်ခုမှာ ဆရာတော်တစ်ပါး ပျံလွန်တော်မူသောအခါ မီးသဂြိုလ်အချိန်မှာ မီးမလောင်ပဲ ကျန်နေတဲ့ ကျောက်တုံးပုံသဏ္ဍာန်ကို ဓါတ်တော်ဆိုပြီး ရထားသူက ပူဇော်နေရာ အဆင့်ဆင့် အိမ်စဉ်ပင့် အပူဇော် ခံနေတုန်း ဓါတ်တော်ကို ရေကြက်သားပူပူလေးနဲ့  ဆွမ်းတော်တင်စဉ်မှာပဲ ကြေကွဲကျသွားသတဲ့  ဟင် ဟာလို့ ဖြစ်ကုန်ရာကနေ စူးစမ်းဆင်ခြင်မေးမြန်းတတ်သူကြောင့်သာ အဖြစ်မှန်သိရသတဲ့  ဒါဟာဓါတ်တော်အစစ်မဟုတ် ကျောက်တည်ရောဂါဖြစ်နေသော ဆရာတော်ရဲ့ ကျောက်တွေပါ ရေကြက်သား အငွေ့ ကြောင့် ကြေသွားခြင်းဖြစ်သည်လို့  ပရိသတ်ကို ရှင်းပြသတဲ့  ဆိုလိုရင်းက ရေကြက်သားဟာ ကျောက်ကိုကြေစေတယ်ဆိုတဲ့  ဆေးနည်းပါ မယုံရင် ပုံပြင်မှတ်ပါ ယုံရင်တော့ လက်တွေ့ လုပ်ပါ စိုင်းထိပ်တင်အောင် credit

အသည်းနာအောင်မလုပ်ပါနဲ့(shareထားနော်)

Image
၁. အိပ်ရာဝင်နောက်မကျပါနဲ့။ အိပ်ယာထ နောက်မကျပါနဲ့။ ၂. မနက်အိပ်ယာနိုးတာနဲ့ ဆီးသွားပါ။ ၃. ဝက်လို အများကြီး မစားပါနဲ့။ အရက်တွေ အများကြီး မသောက်လိုက်ပါနဲ့။ ၄. မနက်စာကို စားဖြစ်အောင်စားပါ။ ၅. မလိုအပ်ဘဲ ဆေးတွေ မသောက်ပါနဲ့။ ၆. ကြာရှည်ခံအောင် လုပ်ထားတဲ့ အစားအစာတွေ၊ မူးယစ်ဆေးတွေ၊ အရောင်ဆိုးထားတဲ့ အစားအစာတွေ၊ သဘာဝ မဟုတ်တဲ့ အချိုတွေ မစားပါနဲ့။ ၇. ကျန်းမာရေးနဲ့ မသင့်တော်တဲ့ ဟင်းချက်ဆီတွေကို ရှောင်ပါ။ ကျန်းမာရေးနဲ့ သင့်တော်တဲ့ ဟင်းချက်ဆီကိုတောင် လျှော့စားပါ။ အရမ်းပင်ပန်းနေတဲ့အချိန်မှာ ကြော်ထားတဲ့ အစားအစာတွေကို ရှောင်ပါ။ ၈. အသားငါးတွေကို အစိမ်းမစားပါနဲ့။ အသည်းနာသွားမှာ စိုးလို့ပါ။ အပေါ်က အချက်တွေကို မလိုက်နာရင် အသည်းကို ထိခိုက်ပျက်စီးစေပါတယ်။ ဟင်းသီးဟင်းရွက်ကြော်တွေကို တစ်နပ်ပဲစားပါ။ မကုန်ရင် သွန်ပစ်လိုက်ပါ။ သိမ်းထားပြီး နောက်တစ်နပ်မှာ စားရင် အသည်းကို ထိခိုက်စေပါတယ်။ ခန္ဓာကိုယ်ထဲကို အဆိပ်အတောက်တွေ မဝင်စေဖို့နဲ့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို စွန့်ထုတ်ပစ်ဖို့ Lifestyle ကို ပြောင်းကြပါစို့….. Credit: original uploader

သရုပ်ဆောင် သီဟတင်စိုး ကိစ္စ ဇနီးဖြစ်သူ ဇင်မာဦး နှင့် ဇင်မာဦးရဲ့ အမ ဖြေရှင်းပြီ… (ဗွီဒီယိုဖိုင်ကြည့်ရန်)

Image
ဇင်မာဦးအမ ဒေါ်ကေသီဦး ရဲ ပြောကြားချက်လေးပါ ကျွန်မ ဒေါ်ကေသီဦးပါ ဇင်မာဦး ရဲ့အမဖြစ်ပါတယ် အခု online ပေါ်မှာတွေ့ရှိနေတဲ့ ခင်မာညို(ခ)ခင်မာမြင့် ထွက်ချက်တွေကမဟုတ်မမှန်တဲ့အတွက်ပြန်လည်ဖြေရှင်းခြင်းဖြစ်ပါတယ်။ ကျမအမေက သူတို့ပြောသလို မျက်စိမမြင် နားကန်းတယ်ဆိုတာမဟုတ်ပါဘူး ကျမအမေက အသက် ၈၃ နှစ်ရှိပါပြီ အသက်အရွယ်ကြောင့် မှတ်ညဏ် ချို့ယွင်း တာပဲဖြစ်တာပါ နားလည်းကောင်းတယ် မျက်စိလည်းကောင်းပါတယ်၊ သူကပွဲစားမပါဘူး သူ့အဒေါ်နဲ့လာတာလို့ပြောတယ် အဲ့ဒါလည်း မဟုတ်ပါဘူး ကျမကိုယ်တိုင် ထွန်းတောက် အကျိုးဆောင်ကို ဖုန်းဆက်ပြီး ရှာခိုင်းတာပါ၊ ကျမကို ထွန်းတောက်အကျိုးဆောင်ကပွဲစားဒေါ် ညို ရဲ့ ဖုန်းနံပါတ်ရှိတာနဲ့ ဖုန်းဆက်လိုက်တာ ခင်မာညို ရှိတယ် အရင်လည်း တစ်လအိမ်မှာ လုပ်သွားတာပဲဆိုလို့လုပ်ဖူးတဲ့လူမို့ခေါ် လိုက်တာပွဲခ တစ်သိန်းခွဲ ပေးပြီးခေါ်လိုက်တာလေ သူအခုတစ်ခေါက်အလုပ်မဝင်ခင် ကြားထဲမှာ ၂လပဲခြားပါတယ် ယောက်ကျားနေမကောင်းဘူးဆိုပြီးပြန်သွားတာလေ မလုပ်ဖူးဘူးဆိုတာလိမ်တာပါ သူတို့ဘက်ကပဲ ပွဲစားဒေါ်ညိုကိုယ်တိုင် သက်ဆိုင်ရာလူကြီးတွေနဲ့ သိန်းတစ်ရာ လာတောင်းတယ်လေ အဲ့တာကောထည့်မပြောဘူးလား သက်သေတွေအကုန်ရှိတယ် #ကျမ အမေ နားကောင်းမကောင်း မျက်စိမြင်မမြင်စ...

ကနီမြို့နယ်တွင် လူ ၁၀၀ ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွား

Image
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ဇီးပင်တွင်းကျေးရွာရှိ ဘော်ဒါဆောင်က တက္ကသိုလ် ဝင်တန်းအောင်ကျောင်းသားတွေအတွက် ဂုဏ်ပြုပွဲမှာ ကျွေးမွေးတဲ့ အစားအစာကနေ လူ ၁၀၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပါတယ်။ အစာအဆိပ်သင့်မှု ဘာကြောင့်ဖြစ်တယ်ဆိုတာတော့ အသေးစိပ်မသိရှိရသေးပေမယ့် အားလုံးကိုတော့ ဆေးကုသမှုပေးထားပြီး စိုးရိမ်စရာအခြေအနေတော့ မရှိဘူးလို့ သိရပါတယ်။ ကနီမြို့နယ် ကျန်းမာရေး ဦးစီးမှူး ဒေါက်တာဝေမာနွယ်က “သတင်းကြားကြားချင်း လာပြီးတော့ စစ်ဆေးပြီး လိုအပ်တာတွေပြုလုပ်ပေးထားတယ်။ အများစုကတော့ ဝမ်းလျှောတာ ပေါ့။ အော့အန်တာတော့ပါတယ်။ ဒါပေမယ့် နည်းတယ်။ ဘာကြောင့်လဲဆိုတာတော့ မသိရသေးဘူး။ ကျွေးမွေးတဲ့အစာ နမူနာတွေတော့ ဓာတ်ခွဲဖို့ ယူလာတယ်။ မနက်ဖြန်လည်း ပြန်လာပြီး ကျန်းမာရေးဟောပြောပွဲနဲ့ ပြန်စစ်ဆေးဖို့ ထပ်လာဖို့ ရှိတယ်။ အခုတော့ အားလုံးအခြေအနေကောင်းပါတယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။ ဒီဂုဏ်ပြုပွဲမှာ ဒေသထွက် ချဉ်ပေါင်၊ ဝက်သား၊ ကျောက်ဖရုံသီး၊ ငရုပ်သီးနဲ့ မြို့ကဝယ်တဲ့ ငါးမြင်း၊ ကုလားပဲနှပ် စတာတွေကို ကျွေးမွေးခဲ့တာပါ။ အရင်က အခုလို ဖြစ်တာမရှိခဲ့ဘူးလို့ သိရပါတယ်။ ဒီမိုးဘော်ဒါဆောင်ပိုင်ရှင် ဦးမင်းဝေက “ဂုဏ်ပြုပွဲက တနင်္ဂနွေနေ့က လုပ်တာ။ ...

အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ [သခင်မြ (၁၈၉၇- ၁၉၄၇)]

Image
အာဇာနည်ခေါင်းဆောင်ကြီး သခင်မြကို ၁၈၉၇ ခုနှစ် အောက်တိုဘာ ၇ ရက် ကြာသပတေးနေ့က ပြည်မြို့ ထုံးဘိုရွာမှာ အဖ ဦးဘိုးချွန်၊ အမိ ဒေါ်သက်လယ်တို့ကနေ ဖွားမြင်ပြီး မွေးချင်းနှစ်ယောက်အနက် သားကြီးဖြစ်ပါတယ်။ ငယ်နာမည် မောင်မြရွှေ နောင်တွင် မောင်မြလို့ ခေါ်တွင်ခဲ့ပြီး မွေးချင်းနှမဖြစ်သူ မမြငွေကတော့ နောင်မှာ သီလရှင် မခေမာဝတီ ဖြစ်လာပါတယ်။ မိခင်ဖြစ်သူ ဒေါ်သက်လယ်ကတော့ မောင်မြ သုံးနှစ်သားအရွယ်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ ငယ်စဉ်က ထုံးဘိုမြို့ ဆရာကြီး ဦးဘိုးစရဲ့ တိုင်းရင်းမြန်မာ မူလတန်းကျောင်းကနေ လေးတန်းအောင်ပြီးနောက် သာယာဝတီမြို့ အေဘီအမ် အလယ်တန်းကျောင်းတွေမှာ ပညာသင်ယူခဲ့ပါတယ်။ ၁၉၁၂ ခုနှစ်မှာ ၇ တန်းစာမေးပွဲကို စကောလားရှစ်နဲ့ အောင်မြင်ပြီးနောက် ရန်ကုန် ဘက်ပတစ် (Baptist) အထက်တန်းကျောင်းမှာ ၈ တန်းသင်ယူခဲ့ကာ ၁၉၁၅ ခုနှစ်မှာ ဆယ်တန်းစာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့ပါတယ်။ ၁၉၁၅-၁၆ ခုနှစ်မှာ ရန်ကုန်ကောလိပ် သိပ္ပံဥပစာတန်းမှာ တက်ရောက်ခဲ့ပြီး ၁၉၂ဝ ပြည့်နှစ် ဂုဏ်ထူးတန်းပြန်တက်နေစဉ် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ဆန့်ကျင်တဲ့ ကျောင်းသားသပိတ်မှာ ခေါင်းဆောင်တဦးအဖြစ် ပါဝင်ခဲ့ပါတယ်။ ၁၉၂၆ ခုနှစ်မှာ သာယာဝတီခရိုင် အုတ်ဖိုမြို့က မြေပိုင်...

မင်းသား သီဟတင်စိုးကို မုဒိမ်းမှုဖြင့် စွပ်စွဲအမှုဖွင့်

Image
အကယ်ဒမီ မင်းသား သီဟတင်စိုးကို ရန်ကုန်မြို့ သုဝဏ္ဏ နယ်မြေရဲစခန်းက မုဒိမ်းမှု ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ စခန်းမှူး ရဲအုပ်သန်းနိုင်က ဒီဗွီဘီကိုပြောပါတယ်။ ဇူလိုင်လ ၁၄ ရက် ည ၁၁ နာရီက တရားလိုဖြစ်တဲ့ ဒေါ်ခင်မာမြင့်ဆိုသူ အသက် ၄၀အရွယ် အမျိုးသမီးတဦးက သုဝဏ္ဏ နယ်မြေရဲစခန်းမှာ လာရောက်တိုင်ကြားခဲ့တာပါ။ ဒေါ်ခင်မာမြင့်ဟာ မင်းသား သီဟတင်စိုးရဲ့ ဇနီးဖြစ်သူ ဒေါ်ဇင်မာဦးရဲ့ မိခင်ကို  ပြုစုစောင့်ရှောက်တဲ့ အလုပ်လုပ် လုပ်ကိုင်နေသူ ဖြစ်တယ်လို့ သိရပါတယ်။ စခန်းမှူး ရဲအုပ်သန်းနိုင်က “အလုပ်လုပ်နေတဲ့ အမျိုးသမီးက ဒေါ်ဇင်မာဦးရဲ့မိခင် ကျန်းမာရေးမကောင်းလို့ စောင့်ရှောက်ဖို့အတွက် ခန့်ထားတဲ့ အမျိုးသမီးက အိမ်မှာ ရှိနေတယ်။ ဦးသီဟတင်စိုးက ဒီလို ပြစ်မှုကျူးလွန်သွားတယ်လို့ လာတိုင်တာ။ အဲဒီတိုင်ချက်အရ ကျနော်တို့ အမှုရေးဖွင့်ပေးထားတာ။ တိုင်ချက်အရ ဦးသီဟတင်စိုးကို ရဲလုပ်ငန်း ဆောင်ရွက်ချက် တခုပြီး တခု ဆောင်ရွက်နေတယ်။ ကျူးလွန်ခံရတယ်လို့ တိုင်ချက်ဖွင့်သူ ဒေါ်ခင်မာမြင့်ဟာ အသက် ၄၀၊ ရေနံချောင်းမြို့၊ ဘဲနန်းရပ်ကွက်မှာ နေတာဖြစ်တယ်။ ရန်ကုန်ကို လာပြီးအလုပ်လုပ်တာ။” လို့ပြောပါတယ်။ ဇူလိုင် ၁၅ နေ့လယ် ၁ နာရီလောက်မှာ စခန်းမှူး ရဲအု...

အီတလီတွင် အပူလှိုင်း ရိုက်ခတ်မှုကြောင့် သတိပေးချက်များ ထုတ်ပြန်

Image
အီတလီနိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းမှာ အခုသီတင်းပတ်ကုန်ပိုင်းက ဒီနှစ်ရဲ့ ပထမဆုံးအပူလှိုင်း ရိုက်ခတ်ခဲ့ပါတယ်။ ဒါကြောင့် အီတလီ တောင်ဘက်စွန်း စစ္စလီကျွန်းမှာ အပူချိန် ၄၃ ဒီဂရီ ဆဲလ်စီးယပ်စ်ထိ မြင့်တက်ခဲ့ပါတယ်။ ရောမမြို့တော်နဲ့ ဖလောရင့်စ်မြို့တွေမှာတော့ အပူချိန် ၃၆ ဒီဂရီ ဆဲလ်စီးယပ်စ်ထိ ရောက်ခဲ့ပါတယ်။ အပူချိန် ၄ဝ ဒီဂရီကျော်ဟာ ဥရောပတိုက်အတွက် ထူးကဲတဲ့ အပူချိန်မြင့်တက်မှု ဖြစ်တာကြောင့် လမ်းတွေပေါ်နဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို အကြီးအကျယ် ဆွဲဆောင်တဲ့ နေရာတွေမှာ အပူရှပ်တာနဲ့ နေလောင်တာကို ကာကွယ်ဖို့ အမျိုးမျိုး ကြိုးစားနေကြပါတယ်။ နိုင်ငံတွင်း မြို့ကြီး ၈ မြို့မှာ အပူချိန်မြင့်မားမှု သတိပေးချက်ကို အာဏာပိုင်တွေက လိမ္မော်ရောင်အဆင့် ထုတ်ပြန်ထားပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုနဲ့ ကလေးတွေ နေ့ခင်းပိုင်းမှာ အခန်းပြင်ပ လှုပ်ရှားမှုတွေကို ရှောင်ရှားဖို့နဲ့ ရေများများသောက်ဖို့ အရာရှိတွေက တိုက်တွန်းထားပါတယ်။ လာမယ့် ၂ ရက်မှာ မိုးရွာနိုင်ချေရှိလို့ နိုင်ငံမြောက်ပိုင်းမှာ အပူချိန် ၁ဝ ဒီဂရီ ဆဲလ်စီးယပ်စ် လျော့ကျမယ့် အလားအလာ ရှိတယ်လို့ အီတလီ မိုးလေဝသဌာနက ဆိုပါတယ်။ DVB 

သိန်း ၂၀ တန်ပစ္စည်းတွေကို လ္ဖက်ရည် တစ်ခွက်နဲ့ လဲသောက်တဲ့ လူရိုးကြီး

Image
အမေက အလုပ်ကိစ္စနဲ့  ရွှေပြည်သာ ဘက်ကို ခိုင်းလို့ မင်္ဂလာဒုံဈေးအဖြတ်မှာ ဒုတ်ထိုးဆိုင်လေးသန့်လို့ ဗိုက်ဆာဆာနဲ့ ဝင်စားမိခဲ့တယ် နမော်နမဲ့ နိုင်တဲ့ ကျွန်တော်က စားအပြီးမှာရွှေဘူး ကျကျန်ခဲ့မိတယ် နောက် ၅ မိနစ်လောက်နေမှ သတိရလို့ ဟိုဒီရှာရင်း သွားပြန်မေးတော့ အကို ကျွန်တော်ရွှေဘူးလေး ကျခဲ့တာတွေ့မိလားမသိဘူး ဟန်းချိန်းရင် စိန်လက်စွပ် တစ်ကွင်းရယ် တန်ဖိုးရယ် အတိကျ ပြောပြလိုက်တော့ လောဘစိတ်မရှိဘဲ ပြန်ပေးတယ်ဗျာ ကျေးဇူးတင်လို့ လက်ထဲပါသမျှ ပိုက်ဆံတွေအကုန်လုံးနဲ့  ကန်တော့တာ မယူဘူးဗျာ (သူ့ကို လ္ဘက်ရည် တစ်ခွက်ပဲ တိုက်ပါတဲ့ ) ဘယ်လို လူရိုးကြီးလဲ လ္ဘက်ရည်ဆိုင်ရောက်တော့ အတင်းကန်တော့တာပါဆိုပြီး ထပ်ပေးပြန်တော့လည်း မယူဘူး သူပြန်ပြောတဲ့ စကားလေးက ( ငါ့ ညီ အကိုတို့က မရှိလို့ လမ်းဘေးမှာ ဈေးရောင်းစားတာ ဘယ်သူ့ပစ္စည်းမှ အလကားမယူပါဘူး တဲ့ ) တကယ့်ကို လူရိုး လူမှန်ကြီးပါ ဗျာ ☕️=💴 လမ်းကြုံရင် ဝင်ပြီးအားပေးလိုက်ပါဦး Credit – Ko Htet

မိန်းကလေးပဲ ဖြစ်ဖြစ် ယောကျာ်းလေးပဲဖြစ်ဖြစ် ကိုယ့်ဘဝမှာ ကြုံခဲ့ဖူးသော , ဘယ်သူမှ မရှောင်လွှဲနိင်တဲ့ ချစ်သူ ၃ ယောက် အကြောင်း ပြောပြချင်ပါတယ်….

Image
မိန်းကလေးပဲ ဖြစ်ဖြစ် ယောကျာ်းလေးပဲဖြစ်ဖြစ် ကိုယ့်ဘဝမှာ ကြုံခဲ့ဖူးသော , ဘယ်သူမှ မရှောင်လွှဲနိင်တဲ့ ချစ်သူ ၃ ယောက် အကြောင်း ပြောပြချင်ပါတယ်…. အိတို့တွေဟာ ဘဝမှာ လူ ၃ ယောက်က်ု အချစ် ၃ မျိုးနဲ့ ချစ်ခဲ့ဖူးပါတယ်…. ပထမချစ်သူကတော့ အချစ်ဦး ( သို့မဟုတ် ) childhood crush ပါ… သူဟာ ကိုယ့်ရင်ခုန်သံတွေက်ု မြန်စေသူ, သူ့အကြောင်းတွေးရုံနဲ့ ကိုယ့်ကိုပြုံးမိစေသူ, သူ့ကိုမြင်ရင် ခြေဖျားလက်ဖျားတွေ အေးစက်ပြီး ယောင်ယောင်မှားမှားဖြစ်စေသူ ပါ… ပညာအရည်အချင်း ငွေကြေး ဂုဏ်ဒြပ် ဘာမှမသိဘဲ ရိုးရိုးလေးပဲ ကိုယ့်ကို ချစ်မိစေသူပါ…. သူ့အကြောင်းတွေးရင် အရာရာဟာ လှပ ပါတယ်… သူ့ကို့ချစ်တဲ့အချစ်ဟာ သိမ်မွေ့ပါတယ်… သူ့အပြုံးတွေကို က်ုယ်အမြဲ အိမ်မက် မက်ရပါတယ် … ဒါဟာ အချစ်ဦးပါ … ကိုယ့်အိမ်မက်ပါ… ဘယ်တော့မှ မမေ့နိုင်တဲ့ လူ ပါ…. ငယ်ချစ်လို့လဲ ပြောလို့ရသလို မဆုံဆည်းနိုင်ခဲ့သည့်တိုင်အောင် ကိုယ့်ရင်ထဲမှာ သူ အမြဲရှိနေရတဲ့ လူမျိုးပါ …. ကလေးဘဝမှာချစ်ခဲ့ရတော့ ဆုံဆည်းနိုင်ဖို့ chance နည်းလွန်းပါတယ်… အင်မတန် ကံကောင်းတဲ့သူတွေကတော့ အချစ်ဦး နဲ့ လက်ထပ်တဲ့သူ တယောက် ထဲ ဖြစ်ကြပါတယ်… အများစုကတော့ အချစ်ဦးနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝေးကြရပေမဲ့ သူဟာ ရ...

ငွေနှစ်သောင်းချေးရာမှ အိမ်နှင့်ခြံ သိမ်းယူသည်အထိ ဖြစ်ပွား

Image
ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ သဲကုန်းရပ်ကွက်တွင်၊ ငွေတိုးပေးစားသူထံက စောင် ၂ ထည်ကို နှစ်သောင်းကျပ်နဲ့ ဝယ်ယူရာမှ အိမ်နဲ့ခြံအသိမ်းခံရမှု ဖြစ်ပွားခဲ့လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားသွားမယ်လို့ ကြို့ပင်ကောက် လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုမင်းက “ကျနော့် ရပ်ကွက်မှာဖြစ်တာပါ။ ငွေချေးတာက ၂ဝဝဝဝ ကျပ် ကို ပထမတခါ ရာအိမ်မှူးနဲ့ စာချူပ်ချူပ်တယ်။ နောက်ငွေတိုးချေးတဲ့သူက ရှေ့နေခေါ်လာပြီးစာရွက် အဖြူပေါ်မှာ လက်မှတ်ထိုး ယူသွားတယ်လို့ သိရတယ်။ နောက်ပိုင်းတရားရုံးမှာ အမှုဖြစ်ပြီး တရားရုံးက အနိုင်ပေးလိုက်လို့ အခုဖယ်ပေးရမယ် ပြောတော့ ဒါကမတရားမူတခုပါ။ ဒါနဲ့ပတ်သတ်ပြီး သက်ဆိုင်ရာဌာနတွေနဲ့ တိုင်ပင်ပြီး ကူညီပေးသွားမယ်။ တရားရုံးမှာ ဘယ်လိုပုံစံနဲ့ စွဲချက်တင်တရားစွဲဆိုတာလည်း သိအောင်လို့ အမှုတွဲကူးတာတွေ လုပ်ဆောင်နေပါတယ်။ လိုအပ်ရင် အဂတိတိုက်ဖျက်ရေးအထိ တိုင်ကြားသွားမယ်။ အတိုးကြီးကြီးတွေနဲ့ ရပ်ကွက်ထဲတရားမဝင် ငွေတိုးချေးစားသူတွေကြောင့် ပြည်သူတွေ ထိခိုက်နစ်နာတာတွေရှိတဲ့အတွက် လွတ်တော်မှာ တင်ပြဆွေးနွေးသွားမယ်”လို့ပြောပါတယ်။ အိမ်နှင့်ခြံအသ...

အမှန်တရားကနည်းနည်းတော့ခါးပါတယ် အဆိုးဆုံးကိုတွေးထားပြီး အကောင်းဆုံးရင်ဆိုင်မယ် ဆိုတဲ့ စူးရှထက်

Image
.မော်ဒယ်စူးရှထက်နဲ့အဆိုတော်အစ္စဏီတို့အမှုရင်ဆိုင်နေရတဲ့အတောအတွင်းမှာစူးရှထက်နဲ့ပတ်သက်တဲ့အသံဖိုင်တွေတစ်ခုပြီးတစ်ခုတက်လာတာဖြစ်ပါတယ်။ လက်ရှိမှာ ဘေဘီ့ကိုရေချိုးပေးပါဆိုတဲ့ အသံဖိုင်ကြောင့်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာဟာသအနေနဲ့လှောင်ပြောင်သရော်တာတွေကို စူးရှထက် ခံနေရတာဖြစ်ပါတယ်။ အသံဖိုင်နဲ့ပတ်သက်ပြီး စူးရှထက် က MC နဲ့အင်တာဗျူးမှာ အခုလို ဖြေရှင်းသွားပါတယ်။ “ညီမကတော့ဘာမှမပြောချင်ဘူး။ တိုက်ခိုက်တယ်လို့ပြောတယ်ဆိုပေမဲ့ မိန်းကလေးတစ်ယောက်ရဲ့အရှက်သိက္ခာကိုအရမ်းကြီးစော်ကားလွန်းရာကျတယ်။ ဒါပေမဲ့သူတို့တင်လိုက်တဲ့အသံဖိုင်ကလူအများပြောစရာဖြစ်လာတယ်။ တင်တယ်စတယ် နောက်တယ်ဆိုတာဟာသသဘောနဲ့ခင်လို့စကြတာ။ ကိုယ့်ကိုလှောင်ပြောင်တာတစ်ယောက်မှမရှိဘူး။ အခုသူတို့တင်လိုက်တဲ့အသံဖိုင်ကဒါမိန်းကလေးတစ်ယောက်ကိုစော်ကားနေတယ်ဆိုပြီးသူတို့ဘက်ကိုပဲလှည့်သွားတယ်။ ညီမကိုအဲ့လောက်တိုက်ခိုက်နေတာ ဒီထက်ဆိုးတဲ့ဟာတွေလာဦးမှာ။ အဆိုးဆုံးတွေတွေးထားတယ်။ ဒါပေမဲ့ အကောင်းဆုံးတွေရင်ဆိုင်မယ်။” ဆိုပြီးပြောသွားပါတယ်။ အမှုရင်ဆိုင်နေရတဲ့ အတောအတွင်းမှာ ကလပ်သွားတဲ့ video file တွေတက်လာတာ နဲ့ပတ်သက်ပြီးတော့လည်းခုလိုပြောသွားပါတယ်။ “ကလပ်သွားတိုင်းBarသွားတိုင်းမိန်းမပျက...

ဖြစ်ရပ်ဆန်းများနဲ့ သမိုင်းထဲက အထင်ကရ ပုဂ္ဂိုလ်ကြီး ဘုန်းတော်ကြီးဦးသီလ

Image
မြန်မာသမိုင်းတစ်လျှောက် ထင်ရှားထူးချွန်သော ဆရာတော်ကြီးအများအပြား ရှိခဲ့သည့်အနက် ဘုန်းတော်ကြီး ဦးသီလ လည်းအပါဝအင်ဖြစ်သည်။ ဘုန်းတော်ကြီး ဦးသီလဟု အများခေါ်ဝေါ်ကြသော တောရဆရာတော်ဘုရားကြီးသည် ပဲခူးမြို့ မြောက်ဘက် နှစ်မိုင်ခန့်ဝေးသော အထက် ဇိုင်းဂနိုင်းကြီးရွာ၌ သက္ကရာဇ် ၁၁၉၄ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက်၊ သောကြာ နေ့နံနက် ၈ နာရီအချိန်တွင် ဖွားမြင်သည်။ အဘမှာကုန်သည် ဦးထွန်းအောင်ဖြစ်၍ အမိဒေါ်ချိုဖြစ်သည်။ ငယ်မည်မှာ မောင်ရွှေသာ ဖြစ်၏။ ဦးရွှေသာ၊ ဒေါ်သူဇာ၊ ဒေါ်အို၊ ဒေါ်လှအောင်၊ ဦးဘိုးကျော်ဟူသော မွေးချင်းငါးယောက်ရှိသည့်အနက် ဦးသီလဆရာတော်လောင်း ဦးရွှေသာသည် အကြီးဆုံး ဖြစ်သည်။ မောင်ရွှေသာသည် ၁ဝ နှစ်သားအရွယ်တွင် ကော့ပြင်ရွာဘုန်းတော်ကြီးဦးမှူးထံ၌ စာပေသင်ကြားရန် ကျောင်းသားအဖြစ် အပ်နှံခံရသည်။ ၁၂ဝ၆ ခုနှစ်တွင်အသက် ၁၂နှစ် အရွယ် ရောက်သောအခါ ရှင်သာမဏေအဖြစ်သို့ရောက်သည်။ ဘွဲ့တော်မှာ ရှင်သီလသာရဖြစ်သည်။ ရှင်သာမဏေဝတ်ဖြင့် ခုနစ်ဝါနေပြီးနောက် ၁၂၁၃ ခုနှစ်တပို့တွဲလတွင် ကျိုက်ဒေးယျုံဘုရား ကုန်းတော်အရံအတွင်းရှိ ဘုန်းကြီးကျောင်း၌ ပီလခတ်ရွာဘုန်းတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ကာရက သံဃာများစွာဖြင့် ရဟန်းဘောင်သို့တက်တော်မူသည်။ ကော့ပြင်ရွာဘုန်းတော်ကြီးဦ...

လက်စွပ်မှာ ပါ တဲ့ စိန်ပွင့် ကသေးနေတာကြောင့် လက်ထပ်ခွင့်တောင်းမှုကို ငြင်းဆိုလိုက်တဲ့ အမျိုးသမီး

Image
တရုတ်နိုင်ငံက အမျိုးသားတစ်ယောက် ဟာ သူ့ရဲ့ ချစ်သူကောင်မလေးကို လက်ထပ်ခွင့်တောင်းဖို့အတွက် ရိုမန်တစ်ဆန်တဲ့ အပြင်အဆင်တွေ ဖန်တီးပြီး ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သူလက်ထပ်ခွင့်တောင်းတဲ့ လက်စွပ်မှာပါတဲ့ စိန်ပွင့်ကသေးငယ်နေတာကြောင့် သူ့ရဲ့ ချစ်သူကောင်မလေးက သူ့ရဲ့ လက်ထပ်ခွင့်တောင်းမှု ကိုငြင်းဆိုလိုက်တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံ ၊ အနောက်တောင်ပိုင်းမှာရှိတဲ့ Chengdu မြို့ မှာ နေထိုင်တဲ့ ကောင်မလေးဟာ သူမရဲ့ ချစ်သူကောင်လေးက ဒူးတစ်ဖက်ထောက်ပြီး သူမကို လက်ထပ်ခွင့်တောင်းဖို့ ပြင်ဆင်လိုက်တဲ့အခါမှာ မျက်ရည်ကျခဲ့ရပါတယ်။ ဒါပေမယ့် လည်း ကောင်လေးက လက်ထပ်ခွင့်တောင်းဖို့အတွက် လက်စွပ်ဘူး ကိုဖွင့်လိုက်တဲ့အခါမှာတော့ လက်စွပ်ပေါ်က ကျောက်(စိန်အတု) ကိုတွေ့ ပြီးတဲ့နောက် သူမဟာ လှည့်ထွက်သွားခဲ့တယ်လို့ People’s Daily Online သတင်းဌာနက ဖော်ပြထားပါတယ်။ ကောင်လေးက ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းနေစဉ်မှာလည်း ကြိုတင်ပြင်ဆင်ထားတဲ့ ကောင်လေး ရဲ့ အဖွဲ့တွေက ဘေးတစ်ဖက်မှာ အက တင်ဆက်မှုတွေလုပ်နေသလို တစ်ချို့ ကလည်း ကြီးမားတဲ့ နှင်းဆီ ပန်းစည်းတွေကို သယ်ဆောင်လာနေခဲ့တာဖြစ်ပြီး အရမ်းကို ရိုမန်တစ် ဆန်တဲ့ မြင်ကွင်းမျိုးဖြစ်နေခဲ့တာပါ။ ကောင်မလေးက လှည့်...