မိန်းကလေးပဲ ဖြစ်ဖြစ် ယောကျာ်းလေးပဲဖြစ်ဖြစ် ကိုယ့်ဘဝမှာ ကြုံခဲ့ဖူးသော , ဘယ်သူမှ မရှောင်လွှဲနိင်တဲ့ ချစ်သူ ၃ ယောက် အကြောင်း ပြောပြချင်ပါတယ်….


မိန်းကလေးပဲ ဖြစ်ဖြစ် ယောကျာ်းလေးပဲဖြစ်ဖြစ် ကိုယ့်ဘဝမှာ ကြုံခဲ့ဖူးသော , ဘယ်သူမှ မရှောင်လွှဲနိင်တဲ့ ချစ်သူ ၃ ယောက် အကြောင်း ပြောပြချင်ပါတယ်….


အိတို့တွေဟာ ဘဝမှာ လူ ၃ ယောက်က်ု အချစ် ၃ မျိုးနဲ့ ချစ်ခဲ့ဖူးပါတယ်….



ပထမချစ်သူကတော့ အချစ်ဦး ( သို့မဟုတ် ) childhood crush ပါ… သူဟာ ကိုယ့်ရင်ခုန်သံတွေက်ု မြန်စေသူ, သူ့အကြောင်းတွေးရုံနဲ့ ကိုယ့်ကိုပြုံးမိစေသူ, သူ့ကိုမြင်ရင် ခြေဖျားလက်ဖျားတွေ အေးစက်ပြီး ယောင်ယောင်မှားမှားဖြစ်စေသူ ပါ… ပညာအရည်အချင်း ငွေကြေး ဂုဏ်ဒြပ် ဘာမှမသိဘဲ ရိုးရိုးလေးပဲ ကိုယ့်ကို ချစ်မိစေသူပါ…. သူ့အကြောင်းတွေးရင် အရာရာဟာ လှပ ပါတယ်… သူ့ကို့ချစ်တဲ့အချစ်ဟာ သိမ်မွေ့ပါတယ်… သူ့အပြုံးတွေကို က်ုယ်အမြဲ အိမ်မက် မက်ရပါတယ် … ဒါဟာ အချစ်ဦးပါ … ကိုယ့်အိမ်မက်ပါ… ဘယ်တော့မှ မမေ့နိုင်တဲ့ လူ ပါ…. ငယ်ချစ်လို့လဲ ပြောလို့ရသလို မဆုံဆည်းနိုင်ခဲ့သည့်တိုင်အောင် ကိုယ့်ရင်ထဲမှာ သူ အမြဲရှိနေရတဲ့ လူမျိုးပါ …. ကလေးဘဝမှာချစ်ခဲ့ရတော့ ဆုံဆည်းနိုင်ဖို့ chance နည်းလွန်းပါတယ်… အင်မတန် ကံကောင်းတဲ့သူတွေကတော့ အချစ်ဦး နဲ့ လက်ထပ်တဲ့သူ တယောက် ထဲ ဖြစ်ကြပါတယ်… အများစုကတော့ အချစ်ဦးနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝေးကြရပေမဲ့ သူဟာ ရင်ထဲမှာ ဘယ်တော့မှ မသေဆုံးနိုင်တဲ့ fairytale ပါ …


ဒုတိယချစ်သူကတော့ … ကိုယ့် အချစ်ဆုံး လူပါ


အချစ်ဦး နဲ့ ဝေးပြီး နောက်ပိုင်းမှာ ကိုယ်ဟာ လူတယောက်ကို ချစ်ချင်တယ် …အချစ်ခံချင်တယ် … ဒါကြောင့် ကိုယ်ချစ်တဲ့ လူတယောက်ကို မျှော်လင့်ချက်တွေ အပြည့် စိတ်ကူးထဲကပုံရိပ်တွေနဲ့ ရှာကြပါတယ် … မိန်းကလေး အများစုရဲ့ စိတ်ကူးထဲက ချစ်သူက အရပ်ရှည်ရှည် အသားဖြူဖြူ ရုပ်ချော သဘောကောင်း ကြင်နာတတ်တဲ့ ယောကျာ်းတွေ ဖြစ်ပြီး ယောကျာ်းလေးတွေအများစုကတော့ လှလှပပ မိန်းမဆန်ဆန် ကြင်နာတတ်တဲ့ မိန်းကလေးတွေကိုမျှော်လင့်ကြတာပါ… physical မျှော်လင့်ချက်နဲ့ ကိုက်ညီရင် fall in love ဖြစ်ကြပါတယ်… ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာ နဲ့ သဘောထားမတိုက်ဆိုင်တာတွေ ထည့်မတွက် မိကြပါဘူး … ချစ်သူ ဖြစ်ပါတယ် အရမ်းလဲချစ်ပါတယ် … ထို့အတူပဲ သူပေးခဲ့တဲ့ ဒဏ်ရာတွေဟာလဲ အရမ်း နာကျင်ရပါတယ်… သူ့ကိုချစ်ရတဲ့အချစ်တွေက ပူလောင်ရပါတယ်…သူ့ကြောင့် ငိုခဲ့ရတဲ့ ညတွေဟာလဲ မရေမတွက်နိုင်အောင်ပါပဲ… သူ့က်ု စွန့်လွှတ်ဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ပါဘူး….နာကျင်စွာနဲ့ပဲ သူ့ဘေးမှာ အရိပ်တကြည့်ကြည့် ဖြည့်ဆည်းပေးခဲ့ ချစ်ခဲ့ရသူဟာ ကိုယ်ပါ…. နောက်ဆုံး သူ စွန့်ခွာ သွားတာတောင် ကိုယ့်မှာ အသည်းတွေကွဲ အရူးမီးဝိုင်းဖြစ် ကျန်ခဲ့ရတာပါ…. သူရက်စက်ခဲ့တာတွေ သူပေးခဲ့တဲ့ ဒဏ်ရာတွေဟာ သိပ်များသလို သူဟာ ကိုယ့်ဘဝရဲ့ မမေ့နိုင်တဲ့ အချစ်ဆုံး လူတယောက်ပါ …. နာကျင်ရသလို ချစ်ရပါတယ်… နာနာကျည်းကျည်းနဲ့ မုန်းမိပေမဲ့ ဘယ်တော့မှလဲ ပြန်မလိုချင်ပေမဲ့ အရူးအမူးချစ်ခဲ့မိတတော့ သေချာပါတယ်…


နောက်ဆုံးအချစ်


ဒဏ်ရာတွေ မကျက်သေးတဲ့ , စိုးရိမ်ထိတ်လန့်နေဆဲ ဖြစ်တဲ့ ကိုယ့်ဘဝထဲကို မျှော်လင့်မထားပဲ ရောက်လာတတ်တဲ့ အချစ်ပါ…


ဒီအချစ်ဟာ လှချင်မှ လှမယ် … သတ်မှတ်ထားတဲ့ criteria တွေ ပြည့်စုံချင်မှ ပြည့်စုံမယ်… လက်တွေ့ဆန်ချင်ဆန်မယ် …. ဒါပေမဲ့ သူဟာ ကိုယ့်ကို အလုံးစုံ နားလည်ပေးတယ်… ကိုယ့်ဒဏ်ရာတွေကို အနာကျက်စေတယ်…. ကိုယ့်ကြောက်ရွံ့မှုတွေကို ဖယ်ရှားပေးတယ်…. ကိုယ့်ဘေးမှာ အမြဲရှိတယ်…. ကိုယ့်ကောင်းခြင်း ဆိုးခြင်းတွေကို ဝေမျှ ပေးတယ်….


အချစ်ဦးလို ဒဏ္ဍာရီမဆန်ပေမဲ့ အချစ်ဆုံးလို မပူလောင်ရဘူး….


ကိုယ့်ကို ဘယ်တော့မှ မျက်ရည်မကျစေသူ


ကိုယ့်ဘဝက်ု support ပေးသူ


ကိုယ့်ယုံကြည်ချက်တွေကို တည်ဆောက်ပေးသူ


ကိုယ့်ဘဝရဲ့ အနိမ့်အမြင့်တွေမှာ ခွဲမသွားသူ ဟာ သူပါ…


မစွန့်လွှတ်ပါနဲ့ စွန့်လွှတ်ဖို့လဲ မကြိုးစားပါနဲ့ သူ့ကိုလဲ ကိုယ့်ဘေးက ဘယ်တော့မှ ထွက်မသွားပါစေနဲ့ ….


နောက်ဆုံးအချစ်ဟာ တန်ဖိုးအရှိဆုံးပါ …


 


ကဲ…..


ယူတို့ရော ဒီလို ချစ်သူ ၃ မျိုးထဲက တမျိုးမျိုးနဲ့တော့ ဆုံခဲ့ဖူးတယ်လို့ ထင်ပါတယ် ….


ဘယ်လိုချစ်သူမျိုးနဲ့ ဆုံဆည်းနေလဲ ဆိုတာ အိကို ပြောပြကြပါဦး … အိလဲ ကြည်နူးချင်တယ်လေ နော့….

 

ချစ်သူတိုင်း တန်ဖိုးသိကြပါစေ

ချစ်သော

အိရေချယ်

Comments

Popular posts from this blog

လွယ်လွယ်လေးနဲ့ လှနိုင်သည့် ၀မ်းဗိုက်ချပ်စေမည့် အူရှင်းနည်း

ရေကြက်သည် ကျောက်တည်ရောဂါ ရှိ သောသူအတွက် ဆိုသော ရာဇဝင်