မပေါ့ဆသင့်သော နှလုံးအားနည်းခြင်း၏ အရေးကြီးသည့် လက္ခဏာ ၈ ချက်


နှလုံးအားနည်းခြင်းကြောင့် လူ့ရဲ့ ခန္တာကိုယ်တခုလုံးကို ထိခိုက်နိုင်ပါတယ်။ နှလုံးအားနည်းတဲ့ လက္ခဏာတွေကို လပိုင်းကနေ နှစ်နဲ့ချီပြီးတော့ စောစောကတည်းက ကြိုတင်ပြီး သိနိုင်ပါတယ်။ အောက်ပါလက္ခဏာတွေ တခုခု ရှိနေပြီဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြပြီး လိုအပ်ရင် အထူးကုနဲ့ ပြသင့်ပါတယ်။

.

(၁).မောဟိုက်ခြင်း


ကိုယ်လက်လှုပ်ရှားလုပ်တဲ့အခါ ဒါမှမဟုတ် စိတ်လှုပ်ရှားတဲ့အခါမှာ မောဟိုက်နေသလား။ အဲဒီလို မောဟိုက်နေတာဟာ နှလုံးအားနည်းနေလို့ ဖြစ်နိုင်ပါတယ်။ ညဘက်မှာ မောဟိုက်ပြီး အိပ်ယာကနိုးတာ၊ လှဲပြီးအိပ်ရင်မောတာ တွေဟာ နှလုံးအားနည်းရင် ဖြစ်လေ့ရှိတဲ့ လက္ခဏာတွေပါပဲ။

.

(၂).ချောင်းဆိုးခြင်း


အဆက်မပြတ် ချောင်းဆက်တိုက်ဆိုးခြင်းဟာ နှလုံးအားနည်းခြင်းကြောင့် အဆုပ်ထဲမှာ ရေဝင်နေတာ ဖြစ်နိုင်ပါတယ်။ နှလုံးအားနည်းလို့ နှလုံးထဲကို ဝင်လာတဲ့ သွေးတွေကို ကောင်းကောင်းညှစ်မထုတ်နိုင်ရင် အဆုပ်ထဲမှာ ရေလွှမ်းလာပြီး ချောင်းဆိုးတတ်ပါတယ်။


(၃).သွားဖုံးတွေ ရောင်နေသလား


သွားဖုံးတွေရောင်ပြီး သွေးထွက်တာဟာ သွားကောင်းကောင်းမတိုက်လို့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ရည်ရှည်သွားဖုံးကျန်းမာရေးမကောင်းတဲ့သူတွေမှာ နှလုံးရောဂါဖြစ်တဲ့နှုံးက သွားကျန်းမာရေးကောင်းသူတွေထက် ပိုပြီး များပါတယ်။

.

(၄).ခေါင်းမူးမော်၍ အားအင်ချိနဲ့နေသလား


ခေါင်းမူးတာဟာ နှလုံးခုန်မမှန်လို့ ဖြစ်နိုင်ပါတယ်။ နှလုံးခုန် အရမ်းမြန်နေရင် ဒါမှမဟုတ် နှလုံးရပ်သလို ခံစားမှုတွေ ရနေရင် ဆရာဝန်နဲ့ သေချာ ပြသပြီး ဆေးစစ်သင့်ပါတယ်။ အထူးသဖြင့်အမျိုးသမီးတွေ နှလုံးအားနည်းရင်အားအင်ချိပြီး နုန်းနေတတ်ပါတယ်။

.

(၅).ကောင်းကောင်းအိပ်မပျော်ဘူးလား


အသက်ရှူမဝလို့ ကောင်းကောင်းအိပ်မပျော်ဘူး၊ အိပ်တဲ့အခါ ကျယ်လောင်စွာ ဟောက်တယ်ဆိုရင် သတိထားသင့်ပါတယ်။ အိပ်နေတဲ့အချိန်မှာ အသက်ရှူရပ်သလို ဖြစ်ဖြစ်သွားတတ်တယ်ဆိုရင် နှလုံးရဲ့  ညာဘက်ခြမ်းကို ထိခိုက်စေနီုင်ပါတယ်။

.

(၆).ပျို့ချင် အန်ချင် သို့မဟုတ် ချွေးထွက်လွန်ခြင်း


နှလုံးအားနည်းတဲ့အခါ ဝမ်းပိုက်ထဲမှာ ရေ ဓာတ်တွေ များတဲ့အခါ ပျို့ချင်သလို အန်ချင်သလို ဖြစ်တတ်ပါတယ်။ နှလုံးရုတ်တရက် သွေးကြောပိတ်တဲ့အခါ ဇောချွေးပြန်တတ်ပါတယ်။ အဲဒါဆိုရင်တော့ ဆရာဝန်ကို အရေးပေါ် ခေါ်သင့်ပါတယ်။

.

(၇).ရင်ပတ်ဆို့ခြင်း ဒါမှမဟုတ် လက်ပြင်ကိုက်သလို၊ ရင်ခေါင်းအောင့်သလို ဖြစ်သလား


ရင်ပတ်ဆို့ခြင်း၊ ရင်ခေါင်းအောင့်ခြင်း ဒါမှမဟုတ် ကျောနဲ့ရင်နဲ့ ညှပ်ထားသလိုမျိုး ခံစားရပြီးဆိုရင် သတိထားသင့်ပါတယ်။ တခါတလေ အစာမကျေသလိုမျိုးထင်ပြီး ဆရာဝန်နဲ့ သေချာ မပြမိတာမျိုး ဖြစ်လေ့ရှိပါတယ်။ နှလုံးသွေးကြောပိတယ်ဆိုရင် ဒီလလက္ခဏာတွေ ပေါ်တတ်ပါတယ်။ တချို့လူတွေမှာတော့ နောက်ကျာပြင်နာတာမျိုး၊ လည်ချောင်းမှာ နာတာမျိုး၊ မေးရိုးမှာ နာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် လှုပ်ရှားသွားလာပြီးတဲ့အခါတိုင်း ဒီလိုခံစားမှုတွေ ရလေ့ရှိတယ်ဆိုရင်တော့ ဆရာဝန်နဲ့ မနှေးပြသင့်ပါတယ်။

.

(၈).ခြေထောက်တွေ ဖောယောင်နေသလား


နှလုံးအားနည်းတဲ့အခါ သွေးတွေကို ကောင်းကောင်းညှစ်မထုတ်နိုင်တဲ့အတွက် ခြေထောက်တွေ ဖောယောင်တာ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် မို့နေတဲဖြေထောက်ကို ဖိကြည့်လို့ အရာထင်ကျန်နေပြီဆိုရင်တော့ နှလုံးအားနည်းလို့ ခြေထောက်မှာရေဓာတ်များနေတာ ဖြစ်နိုင်ပါတယ်။

.

အထက်ပါ လက္ခဏာတွေထဲက တခုခု ရှိနေရင်တော့ လျစ်လျူမရှုထားပဲ ဆရာဝန်နဲ့ သေချာပြသပြီး ဆေးစစ်ဆေးသင့်ပါတယ်။

.

မြန်မာနှလုံးဖောင်ဒေးရှင်း

(Myanmar Heart Foundation)

Comments

Popular posts from this blog

လွယ်လွယ်လေးနဲ့ လှနိုင်သည့် ၀မ်းဗိုက်ချပ်စေမည့် အူရှင်းနည်း

ရေကြက်သည် ကျောက်တည်ရောဂါ ရှိ သောသူအတွက် ဆိုသော ရာဇဝင်