အီတလီတွင် အပူလှိုင်း ရိုက်ခတ်မှုကြောင့် သတိပေးချက်များ ထုတ်ပြန်


အီတလီနိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းမှာ အခုသီတင်းပတ်ကုန်ပိုင်းက ဒီနှစ်ရဲ့ ပထမဆုံးအပူလှိုင်း ရိုက်ခတ်ခဲ့ပါတယ်။


ဒါကြောင့် အီတလီ တောင်ဘက်စွန်း စစ္စလီကျွန်းမှာ အပူချိန် ၄၃ ဒီဂရီ ဆဲလ်စီးယပ်စ်ထိ မြင့်တက်ခဲ့ပါတယ်။


ရောမမြို့တော်နဲ့ ဖလောရင့်စ်မြို့တွေမှာတော့ အပူချိန် ၃၆ ဒီဂရီ ဆဲလ်စီးယပ်စ်ထိ ရောက်ခဲ့ပါတယ်။


အပူချိန် ၄ဝ ဒီဂရီကျော်ဟာ ဥရောပတိုက်အတွက် ထူးကဲတဲ့ အပူချိန်မြင့်တက်မှု ဖြစ်တာကြောင့် လမ်းတွေပေါ်နဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို အကြီးအကျယ် ဆွဲဆောင်တဲ့ နေရာတွေမှာ အပူရှပ်တာနဲ့ နေလောင်တာကို ကာကွယ်ဖို့ အမျိုးမျိုး ကြိုးစားနေကြပါတယ်။


နိုင်ငံတွင်း မြို့ကြီး ၈ မြို့မှာ အပူချိန်မြင့်မားမှု သတိပေးချက်ကို အာဏာပိုင်တွေက လိမ္မော်ရောင်အဆင့် ထုတ်ပြန်ထားပါတယ်။


အထူးသဖြင့် သက်ကြီးရွယ်အိုနဲ့ ကလေးတွေ နေ့ခင်းပိုင်းမှာ အခန်းပြင်ပ လှုပ်ရှားမှုတွေကို ရှောင်ရှားဖို့နဲ့ ရေများများသောက်ဖို့ အရာရှိတွေက တိုက်တွန်းထားပါတယ်။


လာမယ့် ၂ ရက်မှာ မိုးရွာနိုင်ချေရှိလို့ နိုင်ငံမြောက်ပိုင်းမှာ အပူချိန် ၁ဝ ဒီဂရီ ဆဲလ်စီးယပ်စ် လျော့ကျမယ့် အလားအလာ ရှိတယ်လို့ အီတလီ မိုးလေဝသဌာနက ဆိုပါတယ်။

DVB 

Comments

Popular posts from this blog

လွယ်လွယ်လေးနဲ့ လှနိုင်သည့် ၀မ်းဗိုက်ချပ်စေမည့် အူရှင်းနည်း

ရေကြက်သည် ကျောက်တည်ရောဂါ ရှိ သောသူအတွက် ဆိုသော ရာဇဝင်