အချစ်ရေး မှာ ကိုယ့်ဘက်ကပဲ အမြဲအလျှော့မပေးသင့်တဲ့ အကြောင်းအရင်း (၅) ချက်
Relationship တစ်ခု တည်ထောင်လိုက်ပြီဆိုရင် နှစ်ဦးနှစ်ဖက် အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုနဲ့ တရားမျှတမှုတွေရှိဖို့လိုအပ်ပါတယ်။ တစ်ယောက်ကပဲ အမြဲနားလည်ပေး အလျှော့ပေးနေရမယ်ဆိုရင် ဒီအချစ်ရေးဟာ ရေရှည်အဆင်ပြေသာယာဖို့ သိပ်မဖြစ်နိုင်တော့ပါဘူး။ ပြီးတော့ တစ်ဖက်ကပဲ အမြဲအလျှော့ပေး နားလည်ပေးနေမယ်ဆိုရင် ဒါတွေဖြစ်လာနိုင်ပါတယ်။
(၁) သင့် ချစ်သူ က သင်ဟာ အားနည်းတဲ့သူလို့မြင်လာမယ်
ကိုယ်ကတော့ ချစ်လို့၊ သူရောကိုယ်ပါ စိတ်ဆင်းရဲမှာစိုးလို့ ၊ အချစ်ရေးအဆင်မပြေမှာစိုးလို့ အမြဲနားလည်ပေးနေပေမယ့် သူ့ဘက်ကတော့ ကိုယ်ကအဖြစ်မရှိလို့ အလျှော့ပေး အရှုံးပေးတယ်လို့ မြင်လာနိုင်ပါတယ်။
(၂) အနိုင်ယူလာမယ်
ချစ်လို့အလျှော့ပေးတာကို အ လို့ ဆိုပြီးထင်လာမယ်။ အမြဲတမ်းအနိုင်လိုချင်လာပြီး ဘာပဲဖြစ်ဖြစ် သင့်ကိုပဲ အလျှော့ပေးစေချင်နေတာမျိုးပေါ့။ ဒါကခဏတဖြုတ် ပြဿနာမဟုတ်ပါဘူး။ တစ်သက်လုံး တောက်လျှောက်ဒီအတိုင်း ဖြစ်သွားဖို့ပဲများပါတယ်။
(၃) ကိုယ့်ရဲ့ မျှော်လင့်ချက်တွေ မှေးမှိန်လာမယ်
ဘယ်သူမဆို ချစ်ရသူရဲ့ ဦးစားပေးမှု ကို လိုချင်ကြတာချည်းပါပဲ။ ဒါပေမယ့် ကိုယ်ကချည်း အလျှော့ပေးနေရတဲ့အခါ သူကတော့ ကိုယ့်အပေါ်ကောင်းမှာပဲဆိုတဲ့ မျှော်လင့်ချက်လေးတွေတောင် တဖြည်းဖြည်းမှေးမှိန်လာပါတော့တယ်။
(၄) သူ့ရဲ့မကောင်းတဲ့အကျင့်တွေ ပိုဆိုးလာမယ်
တစ်ဖက်က အမြဲအလျှော့ပေးတဲ့အခါ အတ္တကြီးတဲ့သူက ပိုပိုပြီး အတ္တကြီး လာမယ်။ မိုက်ရိုင်းတတ်တဲ့သူက ပိုမိုက်ရိုင်းလာမယ်။ အခွင့်အရေး မှန်သမျှ သူကချည်း လိုချင်နေပါလိမ့်မယ်။ ပြဿနာဖြစ်တိုင်း ကိုယ်က အလျှော့ပေးနေတာတောင် မကျေနပ်နိုင်ဘဲ အလျှော့ပေးလေ ပိုဆိုးလေဖြစ်လာတတ်ပါတယ်။
(၅) ကိုယ်ကိုယ်တိုင်အတွက် မတွေးတတ်တော့ဘူး
တစ်ဖက်သားအတွက် ဦးစားပေးတွေးရလွန်းတော့ ကိုယ့်အတွက် ကိုယ်အဆင်ပြေဖို့ အဓိက မဟုတ်တော့ဘဲ ကြာလာရင် ကိုယ့်အတွက်တောင် မတွေးမိတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ငါကတော့ရပါတယ် ဆိုပြီး တွေးတာ အကျင့်ဖြစ်လာတာကြောင့် ကိုယ့်ကိုယ်ကို ပျောက်ဆုံးလာပါလိမ့်မယ်။
Credit : Aunty may
Comments
Post a Comment