မိုင်းဖြတ်မြို့နယ်တွင်သားဖြစ်သူက ဖခင်အား နေအိမ်ပေါ်မှခြေထောက် ဖြင့်ကန်ချသဖြင့် ဖခင်ဖြစ်သူ သေဆုံး

မိုင်းဖြတ်မြို့နယ်တွင်သားဖြစ်သူက ဖခင်အား နေအိမ်ပေါ်မှခြေထောက်
ဖြင့်ကန်ချသဖြင့် ဖခင်ဖြစ်သူ သေဆုံး။
……………………………………………
၁၀.၇.၂၀၁၈
………………

တာချီလိတ်ခရိုင်၊မိုင်းဖြတ်မြို့နယ်၊ပြည်သူ့ဆေးရုံတွင် နေအိမ်ပေါ်
မှပြုတ်ကျသဖြင့်သေဆုံးသူတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ ၂၀၁၈ခုနှစ်ဇူလိုင်လ(၉)ရက် ည(၁၀)နာရီခန့်တွင်မိုင်းဖြတ်မြိုမရဲစခန်းမှ ဒုစခန်းမှူးရဲအုပ်ကိုကိုအောင်ဦးစီးတပ်ဖွဲ့ဝင်များသည်မိုင်းဖြတ်မြို့ပြည်သူ့ဆေးရုံသို့သွားရောက်ကြည့်ရှုရာမိုင်းဖြတ်မြို့နယ်စွပ်ပလောင်းကျေးရွာနေ ဦးဒါဝိဒ်(၇၀)နှစ်သည်ဦးခေါင်းဝဲဖက်ချိုစောင်းတွင် လက်မ
ဝက်ခန့်ပေါက်ပြဲဒဏ်ရာ၊ ၀ဲဘက်နံရိုးအပေါ်ဖူးယောင်ဒဏ်ရာများဖြင့်
သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ စွပ်ပလောင်း ကျေးရွာနေ သေဆုံးသူ ဦးဒါဝိဒ် (၇၀)နှစ် သည် သားဖြစ်သူ ကျလယ် (၃၂)နှစ် နှင့် စကားများရန်ဖြစ်ရာမှ သားဖြစ်သူ ကျလယ် ကဖခင်ဖြစ်သူ ဦးဒါဝိဒ် အား ခြေထောက်ဖြင့်ကန်လိုက်ရာ ဦးဒါဝိဒ်သည်(၅)ပေခန့်မြင့်သောနေအိမ်ပေါ်မှအိမ်အောက်သို့ပြုတ်ကျပြီး ၊ဦးခေါင်း ၀ဲဖက်ချိုစောင်းနှင့်ဝဲဘက်နံရိုးများတွင်ဒဏ်ရာရရှိခဲ့ပြီး၊မိုင်းဖြတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကုသစဉ်သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

သို့ဖြစ်၍ ဖခင်အား နေအိမ်ပေါ်မှခြေထောက်ဖြင့် ကန်ချသူ ကျလယ် (၃၂)နှစ် အား မိုင်းဖြတ်မြို့မ ရဲစခန်း မှ (ပ) ၁၁/၂၀၁၈ ၊ရာဇသတ်ကြီး
ဥပဒေပုဒ်မ၃၀၄(က)အရအမှုဖွင့်လှစ်လျက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းနှင့်ဓါတ်ပုံ- မိုင်းဖြတ်ထွေ/အုပ်
ရဲရင့် ထွန်း

Comments

Popular posts from this blog

လွယ်လွယ်လေးနဲ့ လှနိုင်သည့် ၀မ်းဗိုက်ချပ်စေမည့် အူရှင်းနည်း

ရေကြက်သည် ကျောက်တည်ရောဂါ ရှိ သောသူအတွက် ဆိုသော ရာဇဝင်