မြန်မာပြည်က ဆရာဝန်ကြီးတွေ အထူးကုဆိုတဲ့လူတွေ ဂျိုပေါက်ကုန်ပြီထင်တယ်။ ဒါေ့ကြာင့် ဒီပို့စ်ကို ရှယ်ပါတယ်။

အဲ့ဒီဆရာဝန်ကြီးတွေ (အထူးကုဆိုတာတွေ) ရဲ့ စိတ်ဓါတ်တွေနဲ့ လုပ်ပေါက်တွေက ဥပဒေစိုးမိုးတဲ့ တိုင်းပြည်ကြီးတွေမှာသာဆိုရင်၊ သူတို့ကို ဆေးကုသလိုင်စင်ဖြုတ်ပစ်ရုံမက၊ မှားယွင်းဆေးကုသမှု (Medical Malpractice) နဲ့ပါ အစိခံရပြီး ထောင်အနဲဆုံး ၁၀ နှစ်လောက်ကျကုန်မယ်။

မြန်မာပြည် ကျန်းမာရေးလောကကြီးနဲ့ ပညာရေးကဏ္ဍျပျက်စီးနေတာ တိုင်းပြည်ရှေ့ရေးအတွက် အင်မတန်ကြောက်စရာကောင်းလှတယ်။

ဆရာဝန်ကြီးတွေ (အထူးကုဆိုတာတွေ) လူနာကို ၅ မိနစ်လောက် ကြည့်ရုံနဲ့ ရောဂါကိုသိတယ်ဆိုတာ ဒီလူတွေ ဒိဗ္ဗစက္ခုရထားလို့ဖြစ်ရမယ်။

ကျနော့်မှာ အစာအိမ်ယောင်တဲ့ပြသနာရှိတယ်။ ၃ လတခါ ကိုယ့်ဆရာဝန်နဲ့ပြတယ်။

ဆရာဝန်က အမျိုးသမီး၊ လက်ဘနွန်နိုင်ငံသူ။ နာမည်က ဒေါက်တာအေလင်း (Dr. Aline)။ သူတို့တိုင်းပြည်မှာ ဆေးကျောင်းပြီးတော့၊ အမေရိကားမှာ အလုပ်သင်ဆရာဝန်အလုပ်ကို (House Surgeon လို့မြန်မာပြည်မှာခေါ်တာကို) ကမ္ဘာမှာနာမည်အကြီးဆုံး ဆေးတက္ကသိုလ်တွေထဲမှာပါတဲ့ ယေးလ်တက္ကသိုလ်ဆေးကျောင်း (Yale University Medical School) မှာရတာ။ ဘယ်လောက်တော်လဲ စဉ်းစားကြည့်။

ယေးလ်တက္ကသိုလ်ဆေးကျောင်းကပြီးတော့ ၀ါရှင်တန်ဒီစီမြို့တော်က နာမည်ကြီး ဂျော့ဂ်ျတောင်းတက္ကသိုလ်ဆေးရုံ (University of George Town Hospital) က အစာအိမ်နဲ့အူလမ်းကြောင်းရောဂါများဌာနမှာ ဘွဲ့လွန်တက်ခွင့်ရတယ်။

ကျနော်သူနဲ့စပြတော့ သူ့ပါရဂူစာတမ်းရေးနေတုံး၊ လွန်ခဲ့တဲ့ ၃ နှစ်လောက်က သူ အစာအိမ်နဲ့အူလမ်းကြောင်းရောဂါများဆိုင်ရာ ပါရဂူဘွဲ့ (Ph.D. in GI diseases) ရသွားပြီး၊ အဲ့ဒီဆေးရုံကြီးက ဌာနမှာဘဲ အထူးကုဆရာဝန်ကြီးဖြစ်သွားတယ်။ အခုထပ်ပြီးရာထူးတိုးပြီး ဂျော့ဂ်ျတောင်းတက္ကသိုလ်ရဲ့ဆေးကျောင်း (Medical School of George Town University) မှာ ဆေးကျောင်းသားတွေကို စာလည်းသင်ပေးရတဲ့ အစာအိမ်နဲ့အူလမ်းကြောင်းရောဂါဆိုင်ရာပါမောက္ခဖြစ်သွားပြီ။

သူနဲ့သွားပြရင် အမေရိကန်ဆရာဝန်တွေထုံးစံအတိုင်း လူနာကိုစိတ်သက်သာရအောင် အရင်ဆုံး နေကောင်းလား၊ ဒီနေ့ကားမောင်းရတာလမ်းမှာ အဆင်ပြေလား၊ အလုပ်မှာရောအဆင်ပြေလား စသည်ဖြင့် လောကွတ်စကားတွေပြောတာတင် ၅မိနစ်ကျော်တယ်။ မြန်မာပြည်က အထူးကုဆိုတာကြီးတွေဆို အဲ့ဒီ ၅ မိနစ်လောက်အတွင်းမှာ သူတို့ရဲ့ ဒိဗ္ဗစက္ခုဥာဏ်တော်အရ လူနာရဲ့ ရောဂါရှိသမျှအားလုံးကို ချက်ချင်းသိကြပြီး နောက်တခါချိန်းတာတို့၊ ဆေးစာရေးပေးတာတို့ လုပ်ကြမှာဘဲ။

အမေရိကားက အထူးကုဆရာဝန်ကြီးတွေကတော့ သူတို့လောက်မတော်ရှာတော့ လူနာတယောက် နဲ့ တယောက်ကြားမှာ အချိန် ၁၅ မိနစ်ယူပြီး နောက်ကြည့်မဲ့လူနာရဲ့ ဖိုင်တွဲကို သေချာထပ်ဖတ်၊ လုပ်ပြီးခဲ့တဲ့ စမ်းသပ်မှုတွေရဲ့အဖြေတွေဖတ်၊ ဘာဖြစ်နိုင်လဲစဉ်းစား၊ ပိုသေချာအောင် (အရင်ဆိုစာအုပ်နဲ့ အခုဆို) လက်ကိုင်ဖုံးပေါ်က App ကိုနှိပ်ပြီး အချက်အလက်တွေထဲ့ကြည့်ပြီး ထပ်စဉ်စား စသည်ဖြင့်အားလုံးပြီးမှ၊ ကြည့်ရမဲ့နောက်လူနာရဲ့ အခြေအနေကို ကြေကြေညက်ညက်သိပြီးမှ နောက်လူနာကို လှမ်းခေါ်ခိုင်းတာပါ။

ဆရာဝန်ကြီးလက်ထောက် အလုပ်သင်ဆရာဝန်လေးရော သူနာပြုဆရာမလေးရောက ပြုံးပြုံးချိုချိုနဲ့ လူနာစောင့်ခန်းထဲကလူနာကို လာခေါ်ပါတယ်။

ဒေါက်တာအေလင်းက ခုနပြောသလို ၅မိနစ်ကျော်လောက် လောကွတ်စကားတွေပြောပြီးမှ လူနာကို ထုံးစံအတိုင်းစမ်းသပ်၊ သူ့အခန်းထဲက ကုတင်ပေါ်မှာလူနာကို လဲလျောင်းစေပြီး ထပ်စမ်းသပ်၊ လူနာကိုလက်ရှိဘယ်လိုခံစားနေရလဲကအစ မေးလိုက်တာစုံရော၊ မေးသမျှကို ဖြေသမျှကိုလည်း ပြုံးပြုံးလေးနဲ့ သူ့လက်ပ်တော့ကွန်ပြူတာပေါ်မှာ ရိုက်ထဲ့နေတယ်။

စုစုပေါင်း နာရီဝက်ကျော် အနဲဆုံးကြာပြီးမှ၊ သောက်ဆေးတွေရေးပေး၊ ထပ်စမ်းသပ်စရာလိုရင် ညွန်ကြားချက်ရေးပေးပြီး အရေးကြီးရင်ကြီးသလို ချက်ချင်းဆေးရုံတင်ရင်တင်၊ နောက် တပတ် သို့မဟုတ် နောက်တလ သို့မဟုတ် နောက် ၂လ ၃လ စသည်ဖြင့်ထပ်ချိန်းတာ။ ကျနော်ကတော့ နာတာရှည် မတ်တတ်နာဆိုတော့ ၃ လတခါဘဲချိန်းတာ။ အခုထိကို သူနဲ့ဘဲပြတယ်။ သိပ်တော်လို့။ ၀ါရှင်တန်ဒီစီကို ရောက်လေရာအရပ်ကနေ လေယာဉ်နဲ့သွားပြတယ်။ နောက်ဆုံးအခေါက်သွားပြတော့ ဒေါက်တာအေလင်းက ဒုတိယကလေး ကိုယ်ဝန်ကြီးနဲ့။ ဒါနဲ့ အမှတ်တရဖြစ်အောင် သူနဲ့ ဓါတ်ပုံတွဲရိုက်ခဲ့တယ်။

မြန်မာပြည်မှာတော့ အခုဟာက ဆရာဝန်တွေ အထူးကုဆိုတာကြီးတွေ တော်တော်များများဟာ ငွေနောက်လိုက်ပြီး ဂျိုပေါက်လာတဲ့အပြင် ဒိဗ္ဗစက္ခုဥာဏ်ပါထပ်ရပြီး လူနာတယောက်ကို အများဆုံး ၅ မိနစ်လောက်ကြည့်ရုံနဲ့ အလုံးစုံကိုသိမြင်တော်မူကုန်တော့၊ ကိုယ့်မြန်မာပြည်သားတွေ ခံနေရတဲ့ ဒုက္ခဘယ်လောက်ကြီးမယ်ဆိုတာကို ဝေမျှခံစားရင်း စိတ်မကောင်းရုံမှတပါး ဘာမှလည်းမတတ်နိုင်။

#DYM
————————————————-

————————————
#DYM
———————————
Sai Thura Hark Hang ၏ပို့်စ် July 7 at 10:50 AM
—————————-

အမှန်တရားကိုထောက်ပြချင်လို့ပြောပြတယ်
==================
မြန်မာပြည်ကပုဂ္ဂလိကဆေးရုံလို့တော့ပြောတာပဲ
မြန်မာပြည်ကသမားတော်လို့တော့ပြောတာပဲ
မြန်မာပြည်ကအကောင်းဆုံးဆေးရုံလို့တော့ပြောကြတာပဲ
အဲဒီဆေးရုံကဆရာဝန်ကအရမ်းတော်ကြတယ်လို့ပြောကြတာပဲ

ကျတော်အစကအဖေရဲ့ရောဂါကို မြန်မာပြည်မှာကုသဖို့စဉ်းစားဖူးတယ် ကုလဲကုခဲ့ဖူးတယ် အကြိမ်ပေါင်းမရေတွက်အောင် ဆေးရုံမှာသွားကုခိုင်းဖူးတယ်

အဖေကတီဘီဆေးကိုးလသောက်ဖူးတယ်
လည်ပင်းမှာအကျိတ်ကထွက်တယ် ကျောက်ကပ်မှာကျောက်တည်တယ် အစိုးရဆေးရုံလဲပြသတယ် လည်ပင်းကအကျိတ်ကိုခွဲတယ် မကြာဘူး နောက်တစ်နေရာထပ်ထွက်တယ် ကိုယ်ကလဲစိုးရိမ်လို့ ရန်ကုန်လာစေပြီး အကောင်းဆုံးပုဂ္ဂလိကဆေးရုံပြတယ်
အဲဒီပြတဲ့နေ့မှာ ဆရာဝန်နဲ့တွေ့ရဖို့ အချိန်နှစ်နာရီမကစောင့်ရတယ် မနေနိင်လို့ information ကသူနာပြုကိုမေးတယ်
မကြည်မသာမျက်နာနဲ့ နံပါတ်မရောက်သေးတဲ့အကြောင်းပြောတယ် ကိုယ့်အလှည့်ရောက်တော့အဲဒီဆရာဝန်အခန်းထဲအဖေနဲ့လိုက်ဝင်တယ် သနားတော်ကြီးဆိုတဲ့ဆရာဝန်
အဖေအခြေနေဖိုင်ကိုစစ် ဟိုမေးဒီမေးနဲ့ နောက်တစ်ပါတ်ချိန်းတယ် (စကားပြောတာ ၅ မိနစ်တောင်ကြာမယ်မထင်ဘူး) ကိုယ်ကအဖေနဲ့နယ်ကလာတဲ့အကြောင်း ကျတော်ကိုယ်တိုင်လဲအလုပ်ကိစ္စရှိလို့ မနက်ဖြန်ချိန်းဖို့တောင်းဆိုတယ် မရဘူးဆိုတော့ မတတ်နိင်ဘူး အလုပ်ခွင့်ထပ်ယူလိုက်ရတယ် နောက်ပတ်ရက်ချိန်းမှာ အဖေကိုဓာတ်မှန်တွေရိုက် သွေးစစ်နဲ့ အဖေလည်ပင်းကအကျိတ်ကို

Comments

Popular posts from this blog

လွယ်လွယ်လေးနဲ့ လှနိုင်သည့် ၀မ်းဗိုက်ချပ်စေမည့် အူရှင်းနည်း

ရေကြက်သည် ကျောက်တည်ရောဂါ ရှိ သောသူအတွက် ဆိုသော ရာဇဝင်