ခွန်းကို ပညာသားပါပါပြောဆိုခဲ့တဲ့ အစ္စဏီ့အကို ကျော်စွာ

အစ္စဏီ့ရုံးချိန်းအပြီး ပဟေဠိဆန်တဲ့စဇူလိုင် ၉ ရက်နေ့ကစစ်ဆေးသော ၉ ကြိမ်မြောက်ရုံးချိန်းတွင် မော်ဒယ်စူးရှထက် မလာရောက်၍ မစစ်ဆေးဖြစ်ခဲ့ဘဲ တရားလိုဘက်မှ ရုံးပြောင်းလျှောက်ထားခဲ့ပါတယ်။ မကြာသေးမှီကမှ အစ္စဏီ ဘက်မှ တင်ပြခဲ့တဲ့ ဗီဒီယိုဖိုင်ကို ရုံးတော်မှ လက်ခံပြီး နောက်ပိုင်းမှာ စူးရှထက် ဘက်ကနေ ရုံးပြောင်းလျှောက်ထားခဲ့တာလည်းဖြစ်ပါတယ်။ ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး အစ္စဏီ့ဘက်ကနေလိုက်ပါဆောင်ရွက်ပေးနေတဲ့ ကိုကျော်စွာ က ပဟေဠိဆန်တဲ့ စကားတစ်ခွန်းကိုဆိုလိုက်ပါတယ် ။ ကိုကျော်စွာပြောလိုက်တဲ့ အဓိပ္ပာယ်အများကြီးပါဝင်နေတဲ့ အတွက် အစ္စဏီ့ကိုဝန်းရံနေကြတဲ့ ပရိသတ်တွေအတွက် ပြောဆိုမှုတွေမြင့်တက်စေခဲ့ပါတယ်။

“ရောဘတ်စန်းအောင်ရဲ့ “အနှစ်လေးဆယ်”ဆိုတဲ့စကားရပ်အပေါ်မှာ action ယူဖို့အတွက် စတင်စဉ်းစားနေပါပြီ “ဆိုတဲ့ စကားတစ်ခွန်းကို ပြောလိုက်တာကတော့ ကိုကျော်စွာပါ။ ကိုကျော်စွာပြောတဲ့စကားတစ်ခုအရ ဒီစကားဟာရုံးပြောင်းလျှောက်တဲ့ကိစ္စနဲ့ ပတ်သက်နေတာဖြစ်တယ်လို့ ပရိသတ်တွေက သုံးသပ်နေကြပါတယ် ။ ယခင်ထုံးစံတွေအရ ထောင်ဒဏ်(၁၀)နှစ်အထက်ကျခံနိုင်တဲ့ ပြစ်မှုတွေကို ခရိုင်ရုံးတွေမှာသာစစ်ဆေးလေ့ရှိပါတယ်။ တရားသူကြီးရဲ့ ဝါသမ္ဘာ နဲ့ အာဏာ ၊ စီရင်နိုင်စွမ်းတွေ ရှိရင် မြို့နယ်ရုံးမှာပဲ စစ်လိုက်လို့ရနေပေမယ့် ရုံးပြောင်းလျှောက်လိုက်တဲ့ကိစ္စအပေါ်မှာ အမှုကို စိတ်ဝင်တစားစောင့်ကြည့်နေကြတဲ့ ပရိသတ်တွေအကြားမှာ လည်းသို့လောသို့လောတွေ ဖြစ်စေခဲ့ပါတယ်။

” ဒီနေ့ သူမလာတော့ မစစ်ခဲ့ရဘူးညီမ ။ သူတို့ဖက်က ရုံးပြောင်းလျောက်ထားတယ်။ ပြောင်းသင့်မပြောင်းသင့်ကတော့ ခရိုင်ရုံးက အမိန့်ချရမှာပေါ့။ ကြားထဲတော့ အမှု့မစစ်ရပဲ ရပ်ပေးထားရမယ်ပေါ့။ အဲ့တော့ အလကားသပ်သပ် အချိန်တွေကုန်တာပေါ့။” ဆိုတဲ့ ကိုကျော်စွာရဲ့ မှတ်ချက်တစ်ခုကိုလည်း တွေ့ရပါသေးတယ်။ အမှုမှာ လိုက်ပါဆောင်ရွက်နေတဲ့ စူရှထက်ရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်ကတော့ ကိုကျော်စွာရဲ့ ပိုစ့်ကို ရှဲလ်ပြီး နာရီပိုင်းအတွင်းမှာ ပြန်ဖျက်ခဲ့ပါတယ်။ဒီလိုကိစ္စရပ်တွေကြောင့် အမှုမှာ သက်ဆိုင်သူတွေရော၊ သက်ဆိုင်သူတွေကို ဝန်းရံနေကြသူတွေပါ တင်းမာတဲ့အနေအထားတွေ ရောက်လာနိုင်တယ်လို့ နှစ်ဖက်ပရိသတ်တွေကလည်းသုံးသပ်နေကြပါတယ်။ ပရိသတ်ကြီးရေ ကိုကျော်စွာရဲ့ ပဟေဠိဆန်တဲ့စကားတစ်ခွန်းကို အဖြေကူထုတ်ပေးပြီးရင် မှတ်ချက်မှာမိမိတို့အမြင်လေးတွေကို မျှဝေပေးခဲ့ကြပါနော် ။


Comments

Popular posts from this blog

လွယ်လွယ်လေးနဲ့ လှနိုင်သည့် ၀မ်းဗိုက်ချပ်စေမည့် အူရှင်းနည်း

ရေကြက်သည် ကျောက်တည်ရောဂါ ရှိ သောသူအတွက် ဆိုသော ရာဇဝင်