Posts

လွယ်လွယ်လေးနဲ့ လှနိုင်သည့် ၀မ်းဗိုက်ချပ်စေမည့် အူရှင်းနည်း

Image
၁) မနက်အိပ်ယာထချိန် သောက်ရေထဲကို သံပုရာသီး ၂ စိပ် ညှစ်ထည့်ပြီး သောက်ပါ။ ပြီးမှ မနက်စာကို စားပါ။ (၂) နေ့လည်စာမစားခင် ပူစီနံ၂ရွက်ကို ၀ါးစားပြီး ရေ၂ခွက် သောက်ထားပါ။ တစ်နာရီလောက်ကြာမှ ထမင်းစားပါ။ ကြိုက်တဲ့ဟင်းစားပါ။ ဒါပေမယ့် တရုတ်နံနံပင် ၄၊ ၅ ပင်ခန့်ကိုတော့ ပါအောင် စားပေးပါ။ စားသမျှတွေထဲက အဆီအဆိမ့်မျာကို ခြေဖျက်ပေးလိမ့်မယ်။ (၃) ညနေစာကို အထူးသတိထားရပါမယ်။ အဆီအဆိမ့်မပါတဲ့ အသားပြုတ်၊ ငါးပြုတ်၊ အသီးအရွက်သုပ်နဲ့ ဟင်းသီးဟင်းရွက်များကိုသာ စားပေးပါ။ (၄) ညစာစားပြီးတာနဲ့ မတ်ခွက်ထဲကို သခွါးသီး ၄ကွင်း၊ သံပုယိုသီး ၂ကွင်း၊ ဂျင်းလက်တစ်ဆစ်၊ ဇီယာ သို့ ပူစီနံ ၂ရွက်တို့ကို ထည့်ပြီး ရေနွေးပူပူလောင်းထည့်ကာ အဖုံးအုပ်ထားပါ။ (၅) သောက်ခါနီး ခပ်နွေးနွေးအနေအထားရောက်မှ ပျားရည်စစ်စစ် ၂ဇွန်းလောက်ထည့်ပြီး အားလုံးကိုရောမွေကာ ၄င်းသစ်သီးစိမ်ရည်ကို သောက်ပါ။ သတိပြုရန် ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ၊ အစာအိမ်ရောဂါသမားများ၊ သွေးပေါင်ကျနေသူများ မသောက်သင့်ပါ။ ဒီနည်းကို တစ်ပတ် ၃ရက်ခန့် လုပ်ပါ။ လမ်းများများလျှောက်ပါ။ ရေများများ သောက်ပါ။ အညောင်းမမိစေပဲ ခန္ဓာကိုယ်ကို လှုပ်ရှားအောင် နေပါ။ တစ်လအတွင်းမှာ အူရှင်းပြီး ၀မ်းဗိုက်...

ဓာတ်ပုံတစ်ပုံက ပြောသောသမိုင်း 

Image
ဒီဓာတ်ပုံဟာ လောက်ကိုင်တိုက်ပွဲဒေသက ပွိုင့် ၂၂၀၂ တောင်ကုန်းကို အသက်ပေါင်းများစွာ ရင်းပြီး မြန်မာနိုင်ငံအလံကို စိုက်ထူခဲ့တဲ့ တိုက်ပွဲမှတ်တမ်း ဗီဒီယိုထဲက ယူထားတဲ့ ဓာတ်ပုံပါ။ ဒီဓာတ်ပုံထဲက မြန်မာနိုင်ငံအလံ စိုက်ထူထားတဲ့ ကုန်းကမူလေးက အဲဒီတောင်ကြောနေရာက အခိုင်ခန့်ဆုံး ဘန်ကာ ဖြစ်ပါတယ်။ အဲဒီဘန်ကာထဲမှာတော့ မူးယစ်ဆေးကျွေး သံကြိုးချည် ထည့်ပြီး ပစ်ခိုင်းထားတဲ့ ရန်သူတွေရဲ့ အလောင်းတွေ ရှိပါတယ်။ သစ်တောသစ်ပင်တွေကို အရွက်တစ်ရွက်မကျန်အောင် လက်နက်ကြီးတွေနဲ့ ပစ်ထားလို့ ပြောင်ရှင်းနေတဲ့ တောင်ပေါ်က အရွက်မရှိတော့တဲ့ သစ်ပင်တွေလဲ တွေ့ရပါမယ်။ သစ်ပင်တွေရဲ့ဘေးက ရပ်နေ၊ ခေါင်းတွေထွက် နေတာကတော့ မူးယစ်ဆေးမျိုးစုံသုံးပြီး နာမှန်း မသိ သွေးထွက်မှန်းမသိတော့တဲ့ Zombie သရဲ တစ်ပိုင်း ဖြစ်နေတဲ့ သူပုန်တွေပါ။ သူတို့တွေရဲ့ နောက်မှာတော့ သူတို့နောက်ကို ဆုတ်လာရင် ပစ်သတ်ဖို့ စောင့်နေတဲ့ ဖုန်ကြားရှင် တပ်ဖွဲ့တွေ ရှိနေပါတယ်။ ဘန်ကာရဲ့ရှေ့မှာတော့ ရန်သူနဲ့လက်တစ်ကမ်း အထိတက်ပြီး ယှဉ်ပစ်နေတဲ့ အကြောက်အလန့်မရှိသော တပ်မတော်သားများကို ဝိုးတစ်ဝါး တွေ့ရပါလိမ့်မယ်။ ဒီတောင်ကြောတစ်လျှောက်က ရာနဲ့ချီတဲ့ဘန်ကာတွေ၊ကတုတ်ကျင်းတွေကို တိကျမှန်ကန်တဲ့ လက်နက်ကြီ...

ပြိတ္တာမိသားစုရဲ့ ၀ဋ်ကျွေး

Image
အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ် ဂိဇ္ဈကုဋ်တောင်ဘက် ကြွနေစဉ် လမ်းမှာပြိတ္တာလေးယောက်ကို တွေ့လိုက်တော့ တအံ့တသြနဲ့ မေးလိုက်မိတယ်။        “ပြိတ္တာမ၊ မြင်ရတာ စိတ်မချမ်းသာလိုက်တာ။ တစ်ယောက်က ရဲရဲတောက်နေတဲ့ သလေးစပါး ဖျင်းတွေကို ခေါင်းပေါ် မှာ ဖြန့်ကြဲပြီး ပူလောင်တဲ့ဒဏ်ကို မပြတ်ခံစားနေရတယ်။ တစ်ယောက်ကတော့ တင်းပုတ်နဲ့ ကိုယ့်ခေါင်း ကို ပြန်ရိုက်ခွဲနေတယ်။ တစ်ယောက်ကတော့ ကိုယ့်အသားအသွေးကို ပြန်ဖဲ့စားနေတယ်။ နင်ကတော့ ညစ်ပတ်တဲ့ မစင်တွေကို စားနေတယ်။ ဘယ်လို အကုသိုလ်ကြောင့် ခုလို ခံစားရတာလဲ ပြောပါဦး”        မှန်ပါဘုရား။ ဒါ တပည့်တော်တို့ အရင်က မိသားစုတွေပါ။ ရဲရဲတောက်လောင်နေတဲ့ သလေးစပါးဖျင်းတွေ ကြဲနေတဲ့ သူက သားပါဘုရား။ လူ့ဘ၀တုန်းက အမေကို ညဉ်းဆဲခဲ့လို့ပါ။ တင်းပုတ်နဲ့ပြန်ထုနေတဲ့ ကောင်က လင်ပါ။ ကောက်ကျစ်စင်းလဲတဲ့ ကုန်သည်ပေါ့ဘုရား။ ကိုယ့်အသားကို ဖဲ့စားနေတာက ချွေးမပါဘုရား။ သူမကတော့ အိမ်မှာ အသားချက်တော့ မသိအောင် အသားတွေ ခိုးစားခဲ့တယ်။ မေးတော့ မစားဘူးလို့လိမ်တယ်။ အဲဒါကြောင့် ခုလိုဖြစ်နေတာပါ။ တပည့်တော်မကတော့ အဲတုန်းက တစ်အိမ်လုံးကို ဦးစီးတဲ့ အိမ်ရှင်မပါ။ အရမ်းကပ်စေးနဲခဲ့တယ်။ ဥစ္စာရှိသ...

ကိုရီးယားသချာင်္ အိုလံပစ်​ပြိုင်​ပွဲတွင်​ နိုင်​ငံတာအဆင့်​၎ ချိတ်​ခဲ့တဲ့ မုံရွာမှသမီးငယ်​​လေး

Image
မုံရွာမှ က​လေးငယ်​မ​လေး လူမသိ သူမသိ ကိုရီးယားမှာ သင်္ချာအိုလံပစ်​သွား​ဖြေခဲ့တယ်​ ​နိုင်​ငံတကာ​ကျောင်းသားသူ​ပေါင်း 2400 ​ကျော်​လာ​ဖြေခဲ့တယ်​ အဆင့်​ 4 ချိတ်​ခဲ့ပါတယ်​ သူ့ကိုခင်​ဗျားတို့​​လက်​ခုပ်​သြဘာမပေးနိုင်​ကြဘူးလား မကြိုဆိုချင်​ကြဘူးလားဗျာ  ဂုဏ်​ယူပါတယ်​ ညီမ​လေး​ရေ

စင်္ကာပူတွင် အိမ်ရှင်မြန်မာအမျိုးသမီးက မြန်မာအိမ်ဖော်ကို သံတုတ်နှင့်ရိုက်၊ နှိပ်စက်မှု ထောင်ဒဏ် (၂)နှစ် (၁)လ ပြစ်ဒဏ်ချမှတ်

Image

ဥပဒေ ပညာရှင် တစ်ဦး မှ အကယ်ဒမီ ဇင်မာဦး သို့  ပေးစာ

Image

မပေါ့ဆသင့်သော နှလုံးအားနည်းခြင်း၏ အရေးကြီးသည့် လက္ခဏာ ၈ ချက်

Image
နှလုံးအားနည်းခြင်းကြောင့် လူ့ရဲ့ ခန္တာကိုယ်တခုလုံးကို ထိခိုက်နိုင်ပါတယ်။ နှလုံးအားနည်းတဲ့ လက္ခဏာတွေကို လပိုင်းကနေ နှစ်နဲ့ချီပြီးတော့ စောစောကတည်းက ကြိုတင်ပြီး သိနိုင်ပါတယ်။ အောက်ပါလက္ခဏာတွေ တခုခု ရှိနေပြီဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြပြီး လိုအပ်ရင် အထူးကုနဲ့ ပြသင့်ပါတယ်။ . (၁).မောဟိုက်ခြင်း ကိုယ်လက်လှုပ်ရှားလုပ်တဲ့အခါ ဒါမှမဟုတ် စိတ်လှုပ်ရှားတဲ့အခါမှာ မောဟိုက်နေသလား။ အဲဒီလို မောဟိုက်နေတာဟာ နှလုံးအားနည်းနေလို့ ဖြစ်နိုင်ပါတယ်။ ညဘက်မှာ မောဟိုက်ပြီး အိပ်ယာကနိုးတာ၊ လှဲပြီးအိပ်ရင်မောတာ တွေဟာ နှလုံးအားနည်းရင် ဖြစ်လေ့ရှိတဲ့ လက္ခဏာတွေပါပဲ။ . (၂).ချောင်းဆိုးခြင်း အဆက်မပြတ် ချောင်းဆက်တိုက်ဆိုးခြင်းဟာ နှလုံးအားနည်းခြင်းကြောင့် အဆုပ်ထဲမှာ ရေဝင်နေတာ ဖြစ်နိုင်ပါတယ်။ နှလုံးအားနည်းလို့ နှလုံးထဲကို ဝင်လာတဲ့ သွေးတွေကို ကောင်းကောင်းညှစ်မထုတ်နိုင်ရင် အဆုပ်ထဲမှာ ရေလွှမ်းလာပြီး ချောင်းဆိုးတတ်ပါတယ်။ (၃).သွားဖုံးတွေ ရောင်နေသလား သွားဖုံးတွေရောင်ပြီး သွေးထွက်တာဟာ သွားကောင်းကောင်းမတိုက်လို့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ရည်ရှည်သွားဖုံးကျန်းမာရေးမကောင်းတဲ့သူတွေမှာ နှလုံးရောဂါဖြစ်တ...